သာပေါင်းမှာ ဘင်္ဂါလီ တွေ ဖမ်းမိ

Refugees  Camp in Rakhine ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင် ပြည်နယ်က မွတ်ဆလင်ဒုက္ခသည် စခန်း

မြန်မာနိုင်ငံ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ မေလ ၄ ရက်နေ့က ရခိုင်ပြည်နယ် ကနေ စက်လှေနဲ့တင်ခေါ်လာတဲ့ ဘင်္ဂါလီ တွေကို ပထမဆုံးအကြိမ် ဖမ်းဆီးမိခဲ့ ပါတယ်။

အဲဒီ ဘင်္ဂါလီ ၁၄ ဦး စလုံးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ သက္ကယ်ပြင် ဒုက္ခသည် စခန်းကဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ကို ဧရာဝတီတိုင်း ငွေသောင်ယံ မြို့နယ် ကနေ ရခိုင်ပြည်ကို နှစ်ရှည်လများ သွားအလုပ်လုပ် နေတဲ့ ကိုဆန်းဦး ဆိုသူက တဦးကို ၅ သိန်း ကနေ ၁၀ သိန်းလောက်နှုန်းနဲ့ စက်လှေနဲ့ ခေါ်လာခဲ့တာလို့ သာပေါင်းမြို့မရဲစခန်မှူး ဒုတိယ ရဲမှူး ဇော်ဝင်းက ပြောပါတယ်။ သူတို့က ရန်ကုန်ကိုသွားမယ်လို့သာသိရပြီး ဘာကြောင့် စစ်တွေ သက္ကပြင်ကထွက်ပြေးလာတယ်ဆိုတာမသိရဘူးလို့ ဆိုပါတယ်။

အဲဒီ ဘင်္ဂါလီ ၁၄ ဦး အနက် ၁၁ ဦးကို ချုပ်မိန့်နဲ့ ချုပ်ပြီး အသက်မပြည့်တဲ့ ၁၃ နှစ် ကနေ ၁၅ နှစ် အရွယ် ၃ ဦးကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့် ထားပေမယ့် သူတို့မှာ ဘာစာရွက်စာတမ်း အထောက်အထားမှ မပါလို့ အတိအကျ အရေးယူ နိုင်အောင် စစ်တွေမြို့ကို လူစေလွှတ်ပြီး စုံစမ်းရဦးအုံးမယ် သာပေါင်း မြို့မ ရဲစခန်မှူး ဒုတိယ ရဲမှူး ဇော်ဝင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ