အခြေခံဥပဒေကို ကာကွယ်မယ့် ဥပဒေ ရေးဆွဲဖို့ ပြည်သူ့လွှတ်တော် အတည်ပြု

U Shwe Mann
Image caption အခြေခံဥပဒေကို ကာကွယ်တဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ အဆိုပြု

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကြမ်း တစ်ခု အမြန်ဆုံး ရေးဆွဲဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ကြာသ ပတေးနေ့ ပြည်သူ့ လွှတ်တော်မှာ အဆို တင်သွင်း လိုက် ပါတယ်။

ဒီအဆိုကို ကန့်ကွက်မယ့် လူမရှိတဲ့ အတွက် အဆို ဟာ အတည် ဖြစ်သွား ပါတယ်။

၁၉၅၉ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေဟောင်း ကို ရုပ်သိမ်းဖို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးသိန်းညွန့်က ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ အဆို တင်သွင်း ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီဥပဒေကို ရုပ်သိမ်းရင် လက်ရှိ ၂၀၀၈ အခြေခံဥပဒေဟာ အကာအကွယ် မဲ့သွားမယ်လို့ နိုင်ငံသားများရဲ့ မူ့လအခွင့် အရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့် အရေး ကော်မတီ အတွင်း ရေးမှူး ဦးတင်မောင် ဝင်းက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

အဲသလို ဆွေးနွေးပြီးနောက် ၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ်တဲ့ ဥပဒေ တရပ် ရေးဆွဲဖို့နဲ့ ရေးဆွဲဖို့ တာဝန်ကို ပြည်ထဲရေး ဝန်ကြီးဌာနကို တာဝန်ပေးဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြည်သူ့ လွှတ်တော်မှာ အဆို ပြုလိုက်တာ ဖြစ်ပါတယ်။

ဥပဒေပြု ပြဋ္ဌာန်း ကာကွယ် ထားပေမယ့် မြန်မာ့သမိုင်းတလျှောက်မှာ စစ်တပ်က အာဏာသိမ်းတဲ့ အခါ အခြေခံ ဥပဒေတွေဟာ အဖျက်သိမ်းခံခဲ့ရပါတယ်။