ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ချဖို့ အရေးကြီး

us myanmar ဓာတ်ပုံ မူပိုင် EPA
Image caption ဦးသိန်းစိန်နဲ့ အိုဘားမား သဘောတူထားချက်တွေ မပြည့်ဝသေး

မြန်မာနိုင်ငံ လူမျိုးစု ဒေသ တွေ မှာ ပဋိပက္ခ တွေ နဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေ ဆက်ရှိနေတာ၊ နောက်ပြီး စစ်ဘက်က ကျူးလွန်တဲ့ ပြစ်မှု တွေကို အရပ်ဘက်က အရေးယူ အပြစ်ပေးမှုတွေ မလုပ်နိုင်တာ စတာတွေကြောင့် အမေရိကန် အမျိုးသား လုံခြုံရေး အတွက် စိုးရိမ်ရတဲ့ စာရင်းမှာ မြန်မာကို ဒဏ်ခတ် ပိတ်ဆို့မှု သက်တမ်း တနှစ် ထပ်တိုး လိုက်ပါတယ်။

ဒီမိုကရေစီ ဖွံ့ဖြိုးမှုက အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးနဲ့ ဆက်စပ်နေလို့ မြန်မာက အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ ပြောနိုင်ကြောင်း ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြေလျော့ဖို့ မြန်မာ ဘက်က လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိအောင်၊ ပဋိပက္ခတွေ ပြေလျော့အောင် ၊ရွေးကောက်ပွဲ တရားမျှတမှု ရှိအောင် လုပ်ဆောင် သင့်တယ်လို့ ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်း က ဒါရိုက်တာ ဒေါ်ဇင်မာအောင် က ပြောပါတယ်။

သမ္မတ အိုဘားမားနဲ့ ဦးသိန်းစိန်တို့ ပထမအကြိမ် တွေ့ဆုံ စဉ်က သဘောတူညီချက် ၁ဝ ချက်ကို ခုထိ တိုးတက်မှု အပြည့်ရအောင် မဆောင်ရွက် နိုင်သေးဘဲ တိုင်းရင်းသား ဒေသ ပဋိပက္ခတွေ ဆိုးဝါး လာတာ၊ ကျောင်းသား၊ လယ်သမား နဲ့ နိုင်ငံရေး လှုပ်ရှားသူ တွေ ဖမ်းဆီး ထောင်ချ တာတွေ ပိုများ လာတာ စတာတွေကြောင့် ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုတိုးချမှတ်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တဘက်ကလည်း အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကန့်သတ်ချတာ၊ တချို့ကို ပြန်လည် ရုပ်သိမ်းတာတွေက အပေးအယူ အလျှော့အတင်းနဲ့ မြန်မာနဲ့ နိုင်ငံရေး ကစားတဲ့ ပုံစံမျိုး ဖြစ်နေကြောင်း၊ ဒါပေမဲ့ ခုလို ဆက်ပြီး ပိတ်ဆို့မှု သက်တမ်းတိုးလို့ အမေရိကန်ရဲ့ အသိအမှတ်ပြုမှု၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ မျှော်လင့်တဲ့ မြန်မာ အစိုးရရဲ့ မှန်းဆချက်နဲ့ မကိုက် ဖြစ်ရတယ်၊ အမေရိကန် ဘက်ကလည်း လိုအပ်တဲ့ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့ မပြည့်မီဘဲ အရေးယူမှုတွေ ရုပ်သိမ်းမှာ မဟုတ်ဘူး လို့ သုံးသပ် ပြောဆို သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ