ဖုန်းငွေဖြည့်ကတ်သုံးစွဲမှု အတွက် အခွန် ကောက်မယ်

ဓာတ်ပုံ မူပိုင် mpt
Image caption သတင်း အချက်အလက်နဲ့ ဝန်ဆောင်မှု လုပ်ငန်း တွေ အတွက် အခွန် ကင်းလွတ်ခွင့်ကို ၂၀၁၅ မှာ ပယ်ဖျက်လိုက်ပြီး အခုလို စတင် ကောက်ခံတာ ဖြစ်ပါတယ်

မြန်မာ နိုင်ငံမှာ မိုလ်ဘိုင်းဖုန်း ငွေဖြည့်ကတ် သုံးစွဲမှု အပေါ် ဇွန်လ ၁ ရက် နေ့က စလို့ အခွန် ကောက်ခံ တော့မှာ ဖြစ်ပါတယ်။

ကောက်ခံမယ့် အခွန် ၅ ရာခိုင်နှုန်းကို သုံးစွဲသူ က ပေးဆောင် ရတော့မှာ ဖြစ်ပြီး၊ ဒါဟာ ကုန်သွယ် လုပ်ငန်းခွန် အရ ကောက်ခံတာ လို့ မြန်မာ နိုင်ငံ ပြည်တွင်း အခွန်များ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော် ကပြောပါတယ်။

စျေးကွက် စီးပွားရေးကို စတင်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က ဒီ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေကို ပြဌာန်း သတ်မှတ်ခဲ့တာ ဖြစ်ပြီး၊ အစတုန်း ကတော့ ဝန်ဆောင်မှု ၅ မျိုး အတွက်ပဲ ကောက်ခံ ခဲ့တာ လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် မှာတော့ ပြည်ထောင်စု အခွန်ကောက် ဥပဒေကို ပြဌာန်းပြီး၊ အဲဒီ တုန်းက သတင်း အချက် အလက်နဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ အတွက် အခွန် ကင်းလွတ်ခွင့် ပေးခဲ့တယ်လို့ ဦးကျော်ကျော် က ပြောပါတယ်။

၂၀၁၅ မှာတော့ အခုလို ကင်းလွတ်ခွင့် ထဲကနေ ပယ်ဖျက် ခဲ့ပြီး၊ အခွန် ကင်းလွတ်ခွင့် ၂၃ မျိုးပဲ ထား ရှိကြောင်း သူက ပြောပါတယ်။

စင်္ကာပူ မှာ ဆိုရင် Good and Services Tax (GST) မျိုးဖြစ်ပြီး၊ တခြား နိုင်ငံတွေမှာ ဆိုရင် Value Added Tax (VAT) လိုမျိုး သွယ်ဝိုက် ခွန် အမျိုး အစား ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ