ဖွဲ့​စည်း​ပုံ မ​ပြင်​နိုင်​ရင် ရွေး​ကောက်​ပွဲ တရား​မျှတ​မှာ မဟုတ်

una_88generation_meeting_
Image caption လော်ခီးလာ ညီလာ ခံ ကို လည်း UNA နဲ့ ၈၈ မျိုးဆက် ပွင့်လင်း တို့ အကြံ ပြု စာတစ် စောင် ပို့ သွား မယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက် ဖို့ ရာ ဘုံ ရည်မှန်း ချက် တူညီ ရာ ကျယ်ပြန့်တဲ့ ဒီမို ကရက်တစ် အင်အားစု မျိုး အဖြစ် စုစည်း မိ အောင် ဆောင် ရွက် မယ် ဆိုပြီး တိုင်းရင်းသား ပါတီ တွေ စုပေါင်း အဖွဲ့ UNA နဲ့ ၈၈ မျိုးဆက် ပွင့်လင်း တွေ မေလ ၂၂ ရက် နေ့ က တွေ့ဆုံ ကြ အပြီး ပြော လာ ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ မှ မပြင်ဆင် နိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲ ဟာ တရား မျှတ မှာ မဟုတ်ဘူး လို့ ရခိုင် နိုင်ငံရေး ခေါင်းဆောင် UNA က ဦးအေးသာ အောင် က ပြောပါတယ်။

တပြည်လုံး အပစ်ရပ် ရေး လက်မှတ် ထိုးဖို့ တိုင်းရင်းသား လက်နက် ကိုင် တွေ တပ် တွေ ဂျွန် လဆန်းကျ တွေ့ဆုံ ကြမယ့် လော်ခီးလာ ညီလာ ခံ ကို လည်း UNA နဲ့ ၈၈ မျိုးဆက် ပွင့်လင်း တို့ အကြံ ပြု စာတစ် စောင် ပို့ သွား မယ် လို့ လည်း ဦးအေးသာ အောင် က ဆိုပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟာ အရေးကြီးပြီး တခြား ကိစ္စ တွေ နဲ့ အာရုံ ပြောင်းသွား လို့ မရ ဘူး ဆိုပြီး တော့ ၈၈ မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့အစည်း က မင်းကိုနိုင် က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို UNA က ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ဦးစိုင်းလိတ်၊ ဦးအေးသာအောင်၊ စတဲ့ ပုဂ္ဂိုလ်တွေ နဲ့ ၈၈ မျိုးဆက် ပွင့်လင်း က ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ စတဲ့ သူတွေ တက်ရောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ