ရှမ်း​လက်နက်ကိုင်​က လူ​သစ်​စု​ဆောင်း​လို့ ရွာသား​တွေ ထွက်ပြေး နေ​ရ​တယ်​လို့​ဆို

_rcss_ssa
Image caption RCSS/SSA ရဲ့ ပြောခွင့် ရ ပုဂ္ဂိုလ် ဦးစိုင်းလ က တော့ ဗဟို အနေ နဲ့ တပ်သားသစ် ဆုစောင်း ဖို့ အမိန့် မထုတ် ထား ဘူး လို့ ပြော။

ရှမ်းပြည် တောင်ပိုင်း နမ့်ဆမ် မြို့နယ်ထဲ က ရွာတွေ မှာ ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA က တပ်သားသစ် စုဆောင်းမှု တွေ လုပ်နေတဲ့ အတွက် ရာနဲ့ ချီတဲ့ ကျေးရွာ သားတွေ ထွက်ပြေး တိမ်းရှောင် နေရတယ် လို့ ဒေသခံ ရွာသား တွေ က ပြောပါ တယ်။

နမ့်ဆမ် မြို့ အနီးတဝိုက် ရွာပေါင်း ၈ ရွာက ထွက်ပြေး လာ တဲ့ ကျေးရွာသား ၇၀ဝ လောက် ဟာ အနီးတဝိုက် မြို့တွေ က ဘုန်းကြီး ကျောင်းတွေ ဆီ မှာ ခိုလှုံ နေရတယ် လို့ ကျေးရွာသား တွေ ကို ကူညီ ပေးနေ တဲ့ နမ့်ဆမ် မြို့ခံ တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

RCSS/SSA ရဲ့ ပြောခွင့် ရ ပုဂ္ဂိုလ် ဦးစိုင်းလ က တော့ ဗဟို အနေ နဲ့ တပ်သားသစ် စုဆောင်းဖို့ အမိန့် မထုတ် ထား ဘူး လို့ ဘီဘီစီ ကို ပြောသလို ဒေသခံ တပ် တွေ အနေနဲ့ ပြုလုပ် နေခြင်း ရှိ မရှိ ကို စိစစ် သွား မယ် လို့ ဆို ပါတယ်။

မူးယစ် ဆေးဝါး စွဲ နေတဲ့ လူငယ် လူရွယ် တွေ ကို တော့ RCSS/SSA က ဖွင့် ထားတဲ့ ဘိန်းဖြတ် စခန်း တွေ ဆီ ခေါ် ဆောင် ပြီး လိုအပ် တဲ့ ကုသ စောင့် ရှောက် မှု မျိုး တွေ ပြုလုပ် ပေး နေတယ် လို့လည်း ဦးစိုင်းလ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ