မေ ၃ဝ ဒီပဲယင်း တိုက်ခိုက်မှု ၁၂ နှစ် ပြည့်

depayin ဓာတ်ပုံ မူပိုင် others
Image caption ဒေါ်အောင်ဆန်းစုကြည် ခရီးမှာ အားပေးသူတွေ များပြားခဲ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း တိုက်ခိုက် ခံခဲ့ရတဲ့ မေ ၃ဝ ဒီပဲယင်း တိုက်ခိုက်မှု ဖြစ်ပွား တာ ဒီကနေ့ ၁၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှု ဖြစ်ပွား ခဲ့တဲ့ ဒီပဲယင်း မြို့နယ် ကြည်ရွာနဲ့ တခြား ဒေသတွေ မှာလည်း အောက်မေ့ဖွယ် အမှတ်တရ ဆွမ်းကပ် အမျှဝေ ပန်းခွေ ချတာတွေ ရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှု တွေကို ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ကြည်ရွာ မြောက်ကျောင်း က ဆရာတော် ဦးဇဝနက တော့ ဒီကိစ္စမှာ ပါဝင်ခဲ့တဲ့ တာဝန် ရှိသူတွေ ဝန်ချ တောင်းပန် သင့်တယ်လို့ မိန့်ကြား ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှု ကို ကြုံတွေ့ ခဲ့ရပြီး ဒီနေ့ ကြည်ရွာ အခမ်းအနား ကို တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး က လည်း ဒီကိစ္စ တွေကို အာဃာတနဲ့ ပြန်ဖော်ထုတ် တရားစွဲဖို့ ထက် နစ်နာခဲ့သူ တွေ အတွက် ထိုက်သင့်တဲ့ ကုစား ပေး မှုတွေ ရှိသင့်တယ် လို့ ဆိုပါတယ်။

နောင်မှာ ဒါမျိုး ထပ်မဖြစ် ရအောင် သင်ခန်းစာ အနေနဲ့ပဲ စုံစမ်း ဖော်ထုတ် သင့်တယ် လို့ သူက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် အနေနဲ့ ဒီတိုက်ခိုက်မှု တွေက ဒေါ်အောင်ဆန်းစုကြည် ကို ကယ်ခဲ့တယ် လို့ ရေးသား ထားတဲ့ အတွက် ဘာကြောင့် အိမ်ကို ပြန်မပို့ဘဲ အင်းစိန် ထောင်မှာ ချုပ်နှောင် ခဲ့ရသလဲ လို့ သူရ ဦးတင်ဦး က ဆို ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ