လော်ခီးလာ အစည်းအဝေး စ

nca
Image caption UPWC နဲ့ NCCT တို့ NCA မူကြမ်း လက်မှတ် ထိုးခဲ့

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ UPWC နဲ့ တိုင်းရင်းသား အဖွဲ့ တွေရဲ့ ကိုယ်စားလှယ် NCCT တို့ရဲ့ NCA အပစ်ရပ် မူကြမ်း ကို ဆွေးနွေး ပြီး ပြင်ဆင် ဖြည့်စွက် ချင်တာ တွေ ဆောင်ရွက် နိုင်အောင် KNU လော်ခီးလာ ဌာနချုပ် မှာ တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင် တွေရဲ့ ထိပ်သီး အစည်းဝေးပွဲ ကို အင်္ဂါ နေ့က စ ကျင်းပ ပါတယ်။

အခု ကျင်းပတဲ့ ထိပ်သီး အစည်းအဝေးကို ကုလသမဂ္ဂ ၊ တရုတ် နဲ့ဂျပန် ကိုယ်စားလှယ် အဖွဲ့ တွေပါ တက်ရောက် ကြတာ မို့ လို့ ထူးခြားပါတယ် ။

ပြီးတော့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း ၁၈ ဖွဲ့ နဲ့ လေ့လာသူ အနေနဲ့ တက်ရောက်တဲ့ အဖွဲ့ ၈ ဖွဲ့ပါ တက်ရောက် တာ တွေ့ရ ပါတယ်။

NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက UPWC နဲ့ NCA မူကြမ်း ကို လက်မှတ် ထိုးထားတဲ့ အပေါ်မှာ အဖွဲ့ခေါင်း ဆောင်တွေ အားလုံး ကို ဖိတ်ပြီး တော့မှ ရှင်းပြမယ်၊ သူတို့ကနေ တချို့ ဟာတွေကို ပြင်ဆင် ဖြည့်စွက်မှု ရှိရင် အဲဒါကို ထပ်ကိုင်ပြီး တော့ UPWC နဲ့ ဆက် ဆွေးနွေးမယ်၊ တကယ်လို့ အား လုံး ပြေလည် သွား ရင် တော့ ဒါက လက်မှတ်ထိုး တဲ့ အဆင့် ရောက်သွားမယ် လို့ ရှင်းပြ ပါတယ် ။

ဒီထိပ်သီး ဆွေးနွေးပွဲ ကို တက်လာတဲ့ တချို့ အဖွဲ့ တွေ ကတော့ အစိုးရက သူတို့ကို ခွဲခြား ဆက်ဆံတယ်လို့ မြင်ပြီးတော့ အစိုးရက လူမျိုးစု အဖွဲ့ အားလုံးကို တန်းတူ ဆက်ဆံ စေလိုတယ် လို့ ပြောပါတယ်။

ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယား က ဒီထိပ်သီး အစည်းအဝေးရဲ့ အောင်မြင်မှု ဟာ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်စေဖို့ အတွက် အရေးတကြီး လိုအပ်ပါတယ်၊ အချိန်က အင်မတန် နည်း နေပြီလို့ ဆိုပါတယ်။

သူနဲ့ ကုလသမဂ္ဂ က ဒီထိပ်သီး အစည်းအဝေး ဟာ နောက်ဆုံးမှာ ပြဿနာ တက်နေတဲ့ ဒေသ တွေရဲ့ အရေး ကို ကျော်ဖြတ် နိုင်ပြီး တပြည်လုံး အပစ်အခတ် ရပ်စဲရေး ကို တည်ဆောက် နိုင်မယ်၊ ပြီးတော့ နိုင်ငံရေး အရ ဆွေးနွေးပွဲ တွေကို ဖြစ်နိုင်ရင် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ မျှော်လင့်တယ် လို့ ပြောသွား ပါတယ်။

ဒါ့အပြင် တရုတ်နဲ့ဂျပန် အစိုးရ တွေ ကလည်း ဒီထိပ်သီး အစည်းအဝေး ရဲ့ အောင်မြင်မှုကို လိုလားဟန် တွေ့ရ ပါတယ်။

ဒါပေမဲ့ အဆုံးအဖြတ် ကတော့ ကာယကံရှင် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေ အပေါ်မှာပဲ မူတည်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ