လော်ခီးလာ ညီလာခံ နောက်တရက် ထပ်တိုးပြန်

ncct
Image caption အပစ်ရပ် မူကြမ်းမှာ ပြင်ဆင်ချက် တွေ ထည့်သွင်းနိုင်

ကေအန်ယူ ထိန်းချုပ်နယ်မြေ လော်ခီးလာ မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ရဲ့ ထိပ်သီး ညီလာခံ ကို ဒီနေ့ ဇွန် ၇ ရက် မှာ တရက် တိုး ကျင်း ပ ခဲ့ပေမယ့် မပြတ်ဘဲ ဇွန်လ ၈ရက်နေ့အထိ နောက်တရက် ထပ်တိုးခဲ့ပါတယ်။

ဒါပေမဲ့ ဒီကနေ့ ဆွေးနွေးပွဲ ရလဒ် ထူးခြားမှု ရှိတယ် လို့ ဒီဆွေးနွေးပွဲကို ကိုယ်တိုင် သွားပြီး သတင်းယူခဲ့တဲ့ မဲဆောက်က ဘီဘီစီ သတင်းထောက် ဦးအောင်ကျော်ဦး က ပြောပါတယ်။

ထူးခြားချက်တွေ ကတော့ အပစ်ရပ် မူကြမ်းမှာ ပြင်ဆင်ချက် တွေ ထည့်သွင်းနိုင်တာ ဖြစ်ပြီး ဒီထဲက လက်နက်ကိုင် တပ်တွေကို နယ်ခြားစောင့် တပ် အသွင် မပြောင်းဘဲ အစိုးရ အောက်က ပြည်နယ် လုံခြုံရေး တပ် အနေနဲ့ ပြောင်းဖွဲ့ဖို့ တိုင်းရင်းသား တွေ ဘက်က လိုလားကြပါတယ်။

နောက် တိုင်းရင်းသား နယ်မြေတွေမှာ စီးပွားရေး စီမံကိန်းကြီးတွေ လုပ်မယ် ဆိုရင် လက်နက်ကိုင် အဖွဲ့ တွေနဲ့ ဒေသ ခံ လူထုတွေ ကို တိုင်ပင် သွားဖို့လည်း သူတို့က တောင်းဆို ခဲ့ကြပါတယ်။

နောက်တဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း အဖွဲ့နဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ဆွေးနွေးပွဲ တွေ ဆက်လုပ်ရင် အပြန်ပြန် အလှန်လှန် တင်ပြ နေရတာတွေ မဖြစ်ဖို့ NCCT ထက် ပိုပြီး အဆင့်မြင့်တဲ့ ကိုယ်စားလှယ် အဖွဲ့ ဖွဲ့စည်း သွားဖို့ တရက်တိုး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

NCCT အပစ်ရပ် စာချုပ် လက်မှတ်ထိုးရင် အဖွဲ့ ၁၆ ဖွဲ့ အားလုံး လက်မှတ်ထိုးဖို့ ဆုံးဖြတ် လိုက်ကြတယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ