ဝနဲ့ကိုးကန့် ရွေးကောက်ပွဲ လုပ်ဖို့မရှိ

election myanmar ဓာတ်ပုံ မူပိုင် epa
Image caption နယ်မြေ မအေးချမ်းလို့ ဝနဲ့ကိုးကန့် မှာ ရွေးကောက်ပွဲ မလုပ်နိုင်

ဒီနှစ်ထဲ မြန်မာနိုင်ငံ မှာ ကျင်းပဖို့ ရှိ တဲ့ ပါတီစုံ ရွေးကောက်ပွဲ တွေ ကို ရှမ်းပြည်နယ် က ဝနဲ့ ကိုးကန့် ဒေသ တွေ မှာ မဲစာရင်း ကောက်လို့ မရတဲ့ အတွက် ရွေးကောက်ပွဲ လုပ်ဖို့ မရှိ ဘူး လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောပါတယ် ။

ဒီနေရာတွေ မှာ မကျင်းပ နိုင်ပေမယ့် မြန်မာ နိုင်ငံ ထဲ ကချင်ဒေသ အပါအဝင် ရခိုင် ပြည်နယ် က ရွေ့ပြောင်း ဒုက္ခသည် စခန်း တွေ မှာ တော့ ကျင်းပပေးမယ် လို့ ပြောပါတယ် ။

ကော်မရှင် က ရွေးကောက်ပွဲ လုပ်ဖို့ မရှိဘူး လို့ ပြောလိုက်တဲ့ ဒေသ တွေထဲ မှာ အစိုးရ တပ်တွေနဲ့ တိုက်ပွဲ တွေ အပြင်းအထန် ဖြစ်ပွား ခဲ့တဲ့ ကိုးကန့်ဒေသ က လောက်ကိုင် ကုန်းကြမ်း တို့ အပြင် ဝ ဒေသမြို့ တော် ပန်ဆန်း တို့ ပါဝင်တာ တွေ့ရ ပါတယ် ။

နယ်မြေ အေးချမ်း သာယာ မှု မရှိလို့ ဝနဲ့ ကိုးကန့် ဒေသ တွေ မှာ ရွေးကောက်ပွဲ မလုပ် နိုင်တာ ဖြစ်တယ်၊ အဲဒီမှာ ကော်မရှင် ဖွဲ့လို့ မရသလို မဲ စာရင်း မကောက် နိုင်တာ ရယ် ကြောင့် ဖြစ်ပါတယ်၊ ၂၀၁၀ တုန်းက လည်း ဝဒေသမှာ မလုပ် နိုင်ခဲ့ပါ ဘူး၊ အခု လောက်ကိုင်ဒေသ တခု တိုးလာ တာ ဖြစ်ပါတယ် လို့ ဦးတင်အေးက ပြောသွားပါတယ် ။

လောက်ကိုင် ဒေသ မှာ နယ် မြေ အေးချမ်းသွားရင် ရွေးကောက်ပွဲ ပြန်လုပ် ပေး ဖို့ ရှိပေမယ့် ဝ ဒေ သ မှာတော့ အခြေအနေ အတော် ကို နည်း တယ် လို့ ပြောသွားပါတယ် ။

ဒါ့အပြင် မိုင်းလား ဒေသ မှာ လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းက ယှဉ်ပြိုင်သူ မရှိတဲ့ အတွက် အခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပ ပေးမှာ မဟုတ် ဘူး လို့ ဦး တင်အေးက ပြောပါတယ်။

ပြီးခဲ့ တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက မကျင်းပနိုင်ခဲ့တဲ့ ကချင်ပြည်နယ် မှာတော့ နေရာ ဒေသ အတော် များ များ ကို ရွေးကောက်ပွဲ ကျင်းပဖို့ လျာထား တယ် လို့လည်း သူကရှင်း ပြပါတယ် ။

ကချင် ပြည်နယ် မှာ အကုန် လုပ်မယ် လို့ လျာထားပါတယ်၊ ဒုက္ခသည် စခန်းတွေ ပါမှာပါ၊ အဲဒီမှာ စာရင်းတွေ ရှိပါတယ်၊ ရွေးကောက်ပွဲ လုပ် ဖို့ အကုန်လုံး လည်း ပြင်ထားပါ တယ်၊ မဖြစ်နိုင်တာ အနည်းအကျဉ်း ရှိ ပေမယ့် ဖြစ်နိုင် တဲ့ နေရာတွေ ၁၀၀ မှာ ၈၀ လောက် ရှိပါတယ် လို့ ဦးတင်အေးက ပြောသွား ပါတယ် ။

ဒီနှစ် ရွေးကောက်ပွဲ မှာတော့ ယခင်က ဝှိုက်ကဒ် ကိုင်ဆောင်ခဲ့သူ တွေ ဟာ မဲ ပေးခွင့်ရမှာ မဟုတ် ဘဲ တည်ဆဲ ဥပဒေတွေ အရ နိုင်ငံ သားတွေ သာမဲ ပေးခွင့်ရ ဖို့ ရှိတယ် လို့ လည်း သူက ပြောသွားခဲ့ ပါတယ် ။

ဒါ့ အပြင် ရွေးကောက်ပွဲ တရား မျှတစွာ ကျင်းပနိုင်ဖို့ ဆိုရင် မှန်ကန်တဲ့ မဲစာ ရင်း ရှိဖို့ လို ပြီး အခု ကောက်ယူ နေတဲ့ အခြေခံ မဲ စာရင်း ဟာ အိမ်ထောင် စု စာရင်း ကို အခြေခံ ကောက်ယူ တာကြောင့် လွဲမှား မှု တွေ ရှိတာ ဖြစ်ပြီး စာရင်းလွဲ မှားမှု ရှိရင် ကော်မရှင် ကို အကြောင်းကြား ပြင်ဆင် မှသာ ပြည့်စုံ မှန်ကန်တဲ့ မဲ စာရင်း ထွက်လာဖို့ ရှိ တယ် လို့လည်း ပြောသွားပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ