အိန္ဒိယ သူပုန်ကို မြန်မာ နယ်ထဲ လိုက်နှိမ်နင်းလို့ဆို

india_myanmar
Image caption အိန္ဒိယနိုင်ငံ မဏိပူရနယ် က အစိုးရ တပ်သား တချို့

အိန္ဒိယ စစ်တပ် က ဒုတိယ ဗိုလ်ချုပ်ကြီး ဆူဘရာတာ ဆာဟာ က အိန္ဒိယ အစိုးရ ကို တော်လှန် နေတဲ့ မဏိပူရ နယ်ထဲ က သူပုန် တွေကို နှိမ်နင်း ရာ မှာ မြန်မာပိုင်နက် ထဲ အထိ လိုက်လံ နှိမ်နင်းခဲ့ ကြောင်း ပြောတယ် လို့ အိန္ဒိယန်း အိစ်ပရက်စ် သတင်းစာ မှာ ရေးသား ထားပါတယ်။

ဒါ့အပြင် အိန္ဒိယ ပြန်ကြားရေးနဲ့ အသံလွှင့်ဌာနဝန်ကြီး ရာဂျာဗာဒန် ဆင်း ရာထိုးက လည်း အိန္ဒိယ စစ်တပ် ကို တိုက်ခိုက် ပြီး သူပုန်တွေဟာ မြန်မာနိုင်ငံ ထဲကို ပြေးဝင် သွားကြ တယ်၊ အဲသလို ပြေးဝင် သွားတဲ့ သူပုန်တွေ ကို လိုက်လံ တိုက်ခိုက် ရာ မှာ သူပုန် ၁၈ ယောက် သေဆုံး သွားခဲ့တယ် လို့ ထုတ်ဖော် ပြောဆို ကြောင်း လည်း ရေးသား ထားပါတယ်။

ဒါ့အပြင် အခုလို သူပုန်တွေ ကို မြန်မာနိုင်ငံ ထဲ အထိ လိုက်လံ တိုက်ခိုက် တာဟာ တခြား နိုင်ငံ တွေကို လည်း သတိပေး လိုက်တာ ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

အိန္ဒိယ ပြန်ကြားရေး ဝန်ကြီး က အဲသလို ပြောတဲ့ အတွက် ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး နီဆာ အလီခန်း က သူတို့ကို ရည်ရွယ်ပြောဆိုတယ် လို့ ယူဆပြီး ချက်ချင်း တုန့်ပြန်ပါတယ်။

ပါကစ္စတန်ကို မြန်မာနိုင်ငံ လို မထင်နဲ့ လို့ဆိုပါတယ်။

အခုလို နယ်ခြား တိုက်ပွဲ သတင်း ဟာ ကျယ်ကျယ် လောင်လောင် ထွက်ပေါ် လာတဲ့ အတွက် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကို ဆက်သွယ် ပြီး မြန်မာ နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက် ခဲ့တာ ဟုတ်ပါ သလား လို့ မေးရာ မှာတော့ သူက အိန္ဒိယ နယ်စပ် ဘက် မှာ အင်္ဂါ နေ့က တိုက်ပွဲ ဖြစ်ခဲ့ကြောင်း အိန္ဒိယ သံအမတ်ကြီး က အတည်ပြု ပြောတယ် လို့ ဖြေပါတယ်။

မြန်မာ အနေနဲ့ အိန္ဒိယ ကို ဆန့်ကျင် တိုက်ခိုက် တဲ့ ဘယ် လက်နက်ကိုင် အဖွဲ့ အစည်း ကိုမှ လက်ခံမှာ မဟုတ်ကြောင်း၊ ဒီအဖွဲ့ တွေကို မြန်မာ ပိုင်နက်ထဲ ဝင်တိုက်တာ ကို လည်း လက်ခံမှာ မဟုတ်ကြောင်း သူက ပြောပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရ နယ် ထဲမှာ နာဂသူပုန် တွေ ဟာ မြန်မာနိုင်ငံ နယ်နိမိတ် ကို ခြေကုတ်ယူ ပြီး အိန္ဒိယ အစိုးရ ကို တော်လှန် ပုန်ကန် တိုက်ခိုက်မှု တွေ ရှိနေ လို့ အိန္ဒိယ အစိုးရက မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ အကြိမ်ကြိမ် ဆွေးနွေး ပြောဆိုမှု တွေ လည်း ရှိခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ