ပြည်ခိုင်ဖြိုးပါတီနဲ့ သူငယ်နာ

ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတလောင်း ရွေးတဲ့ အခါ သူရ ဦးရွှေမန်း ကလည်း ပါတီရဲ့ အဆုံး အဖြတ်ကို ခံယူမှာ ဖြစ်တယ်

သမ္မတ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေမန်းတို့ အကြားမှာ တစုံ တရာ အားပြိုင် လွန်ဆွဲမှု ရှိနေတဲ့ အတွက် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီမှာ သမ္မတလောင်း ရွေးချယ်ဖို့ နှောင့်နှေး နေရတာ ဆိုတဲ့ ပြောဆို မှုတွေ နဲ့ ပတ်သက်ပြီး အထိုက် အလျောက် အနည်း အကျဉ်း မှန်ကန် ကြောင်း ပါတီ ဗဟို အကြံပေး ဦးအောင်သောင်းက ဘီဘီစီကို ပြောပါ တယ်။

ပါတီ ဗဟို အတိုင်ပင်ခံ ဦးတင်ထွဋ် ကတော့ ပါတီဟာ စစ် အလေ့ အထ ရောဂါ၊ အာဏာ ငန်းရူး ရောဂါ အပါ အဝင် သူငယ်နာ ၅ မျိုး စွဲကပ် နေတယ်လို့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီး သုံးသပ် ဝေဖန် ခဲ့ပါတယ်။ အခုလို သုံးသပ် ချက်ကို အဲဒီတုန်းက သမ္မတ ဦးသိန်းစိန် ထံလည်း ပေးပို့ခဲ့ တာ ဖြစ်ပါတယ်။

ဦးအောင်သောင်း ကတော့ ပါတီမှာ လူများတဲ့ အတွက် အခုလို ရာထူး အခွင့် အရေး လိုချင် တဲ့သူ၊ ခိုင်းမှ လုပ်တတ် တဲ့သူ၊ အမိန့် ပေးမှ လုပ်တဲ့သူ စသည်ဖြင့် ရှိနေ ကြတယ် လို့ ဆိုပါတယ်။

ဒါတွေကို မလုပ်သင့် ကြောင်း ပါတီတွင်း ရှင်းလင်း ပြပြီး ဖြစ်ကြောင်းနဲ့ ဒါပေမယ့် အကုန်လုံး ပပျောက် သွားပြီလား ဆိုတာ ကတော့ အတတ် မပြော နိုင်ဘူးလို့ သူက ဆိုပါ တယ်။

ဒါပေမယ့်လည်း အခုတော့ အများရဲ့ ဆုံးဖြတ်ချက်၊ အများရဲ့ ဦးဆောင်မှု အတိုင်း ဆောင်ရွက် ဖို့ကို ကောင်းကောင်း ပုံဖေါ် နိုင်ပြီ လို့ ပြောပါတယ်။

အခု သမ္မတလောင်း ရွေးတဲ့ အခါမှာလည်း သူရ ဦးရွှေမန်း က ပါတီရဲ့ အဆုံး အဖြတ်ကို ခံယူမှာ ဖြစ်တယ်လို့ ပြောထားပြီ ဖြစ်ကြောင်း ဦးအောင်သောင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ