ရွှေတိဂုံတည်တံ့ရေး အာဏာပိုင်တွေဆီ မဘသ စာပို့မယ်

shwedagon_mabatha_
Image caption အာဏာပိုင်တွေ နဲ့ မဆက်ဆံရေး ကံဆောင် သပိတ် ထိ မှောက်လာနိုင်။

ရွှေတိဂုံ စေတီတော် ဝန်းကျင် မှာ အထပ်မြင့် ဆောက်လုပ်ရေး စီမံကိန်း တွေ ရပ်တန့် ပယ်ဖျက် ပေးဖို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့ က သံဃာ တွေ ဦးဆောင်ပြီး လက်မှတ် ကောက်ခံ မှု တွေ အပြင် ဇွန် ၁၇ ရက် နေ့ က စာတမ်း ဖတ်ပွဲ ပြုလုပ် ခဲ့ပါတယ်။

အဲဒီ့ လက်မှတ်တွေ စာတမ်းတွေ ကို အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော် က ထိပ်ဆုံး အာဏာပိုင် တွေ ဆီ တင် ပြ သွားမှာ ဖြစ်တယ် လို့ မဘသ ဦးဆောင် သံဃာ တွေ က ပြောပါတယ်။

အဲဒီ လို ငြင်သာ နူးညံ့တဲ့ လှုပ် ရှား မှု တွေ ပြုလုပ် ရုံ နဲ့ ရွှေတိဂုံ ဘုရား ဝန်းကျင် ဆောက် လုပ်မယ့် စီမံကိန်း တွေ ပယ်ပျက် မသွား ဘူး ဆိုရင် တော့ ဆန္ဒ ထုတ်ဖော် တာ တွေ နဲ့ အာဏာ ပိုင် တွေ ကို မဆက်ဆံ ရေးကံဆောင် သပိတ် ထိ မှောက် သွား မှာ ဖြစ်တယ် လို့ စာတမ်း ဖတ်ပွဲ ကို ဦးဆောင် ကျင်း ပ တဲ့ မကွေး ကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ က ဘီဘီစီ ကို မိန့် ပါတယ်။

ဆောက်လုပ်ရေး စီမံကိန်း တွေ ကြောင့် ဘာသာရေး နဲ့ ယဉ်ကျေးမှု အမွေ အနှစ် ဖြစ်တဲ့ ရွှေတိဂုံ စေတီ တော်ကြီး ရဲ့ ပုံရိပ် ထိခိုက် မယ့် အရေး နဲ့ ရွှေတိဂုံ စေတီတော် တည်ရှိ ရာ ကုန်းတော် ရဲ့ မြေကြော မြေလွှာ တွေ၊ ရေစီး ရေလာ တွေ ထိခိုက် လာ နိုင် တယ် ဆိုပြီး စိုးရိမ် ပူပန် မှု တွေ ရှိ နေကြ တာ ဖြစ် ပါတယ်။

လောလော ဆယ် မှာ ဒဂုံ စီးတီးဝမ်း စီမံကိန်း အပါအဝင် စီမံကိန်း ၅ ခု လုံး ကို ရင်းနှီး မြှုပ်နှံ မှု ကော်မရှင် ရဲ့ ဆုံးဖြတ်ချက် အရ ပြန်လည် သုံးသပ်ဖို့ လိုတယ် ဆိုပြီး ရပ်ဆိုင်း ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ