ဒဂုံစီးတီး စီမံကိန်း ရပ်ဆိုင်းဖို့ ကတိပြုခဲ့

shwedagon
Image caption ဒဂုံစီးတီး စီမံကိန်း ရပ်ဖို့ မဘသ လှုပ်ရှားမှုတွေရှိ

ရွှေတိဂုံ ဘုရားနားမှာ တည်ဆောက်မယ့် ဒဂုံစီးတီး စီမံကိန်း ကို ရပ်ဆိုင်း ပေးမယ် လို့ အစိုးရ နဲ့ စစ်တပ် က ကတိပြု ခဲ့တယ် လို့ သိရပါတယ် ။

ဒီစီမံကိန်း ရပ်ဆိုင်း ပေးမယ် ဆိုတာကို အမျိုး ဘာသာ စောင့်ရှောက်ရေး အဖွဲ့ အစည်းအဝေး ကျင်းပရာ အင်းစိန် အောင်ဆန်း တပ်ဦးကျောင်း တိုက်မှာ ဆရာတော် ဦးပါမောက္ခ၊ ဆရာတော် ဦးဝီရသူ ဦးဆောင် တဲ့ ရွှေတိဂုံ စေတီတော် ကာကွယ် စောင့်ရှောက် ရေး အဖွဲ့ ကို လာကတိ ပေးခဲ့တာ လို့ သိရပါတယ် ။

ဇွန်လ ၂ဝ ရက် က အစိုးရ ဘက် က တာဝန်ခံ ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် နဲ့ ရန်ကုန်တိုင်း အစိုးရ နယ်-လုံ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း တို့ ကတိပေးခဲ့တာလို့ ရွှေတိဂုံ စေတီတော် ကာကွယ် စောင့်ရှောက် ရေး အဖွဲ့ ဝင် ဦးဆောင် ဆရာတော် ဦးနေမိန္ဒ က ဘီဘီစီ ကို ရှင်းပြပါတယ် ။

ဒဂုံ စီးတီး စီမံ ကိန်း ကိုရပ်ပေးဖို့ သူတို့ တာဝန်ယူ တယ် လို့ ပြောတယ်၊ ဒီကြားထဲမှာ ရွှေတိဂုံ စေတီတော် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ က လက်ကမ်း ကြော်ငြာ ဝေတာတို့ လှုံဆော်ရေး လုပ်တာတို့ ရပ်ထားပေးပါ ဆိုပြီး သူတို့ဘက်က ပြောတယ် ၊ သဘော တူညီ ချက် ရတယ် ၊ ဒီဘက် ကလည်း အစိုးရဘက်က တခုခု တရားဝင် ထုတ်ပြန် ပေးဖို့ ၁၅ ရက် စောင့်ကြည့်ဖို့ သဘော တူလိုက်တယ် လို့ ဆရာတော် ဦးနေမိန္ဒက ပြောသွား ပါတယ် ။

ဒဂုံစီးတီး စီမံကိန်း ဟာ ရန်ကုန် မြို့ ရွှေတိ ဂုံဘုရား တောင်ဖက် မီတာအနည်း ငယ်အကွာဝေးမှာရှိတဲ မြေပေါ် မှာ ဆောက်လုပ် မယ့် ဟိုတယ် အိမ်ရာ ဈေးဝယ်စင်တာတွေ ပါမယ့် စီမံ ကိန်း ဖြစ်ပြီး အခု ဒီစီမံ ကိန်း ကို နိုင်ငံ တကာ အပါဝင် ကုမ္ပဏီ ၅ ခု နဲ့ အကောင်ထည် ဖော်မှာ ဖြစ်ပြီး ဒေါ်လာ သန်းရာနဲ့ ချီပြီး ရင်းနှီး မြုပ် နှံ ဖို့ ရှိ ပါတယ် ။

အခု အခါ ဒီစီမံကိန်း ကို ကန့်ကွက် မှု တွေကြောင့် ရပ်ဆိုင်း ထားပြီး ပြန်လည် သုံးသပ် တာတွေကို အစိုးရဘက်က လုပ် နေ တာ လည်း ဖြစ်ပါတယ် ။

အဲဒီ မြေပေါ်မှာ ဆောက်မယ့် စီမံကိန်း အားလုံးကို ဖျက်သိမ်းပေး ဖို့ ကို ရွှေတိဂုံ စေတီ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ က တောင်းဆို ခဲ့တာ ဖြစ် ပါတယ် ။

ရွှေတိဂုံ စေတီဟာ မြန်မာတို့ အမှတ်အသား၊ ရွှေတိဂုံ ကိုမြင်ရင် မြန်မာလို့ သိကြတာ ဆိုတော့ ဒီဆောက်လုပ်ရေး စီမံကိန်းတွေ ကြောင့် ဒီစေတီတော် ကို ထိခိုက် လာနိုင်တာ ကို တားမြစ်ရ မှာပဲ၊ ဒီမြေပေါ် မှာ ဘယ် ကုမ္ပဏီ ဆောက် ဆောက် လက်မခံ ပါဘူး လို့ ဆရာတော် ဦးနေမိန္ဒ က ပြောသွား ပါတယ် ။

ဒဂုံ စီးတီး(၁) စီမံကိန်း ဘက်က စီမံကိန်းမှာ အမှန်တကယ် ရွှေတိဂုံ စေတီတော်ကို ဘယ်လိုမှ မထိခိုက်နိုင်ကြောင်း ဆောတ်လုပ် ခွင့်ရတဲ့ ကုမ္ပဏီ ဘက်က ပြန်လည် ရှင်းပြ ထားတာ ရှိပါတယ် ။

ဒါပေမဲ့ ရွှေတိဂုံ စေတီတော် အနီး စီမံကိန်းတွေ ကြောင့် စေတီတော် ကြံ့ခိုင်ရေး အတွက် အများပြည် သူ က စိုးရိမ် လာနေ သလို လွှတ်တော်မှာ ဒီအဆိုကို ဆွေးနွေးဖို့ ရှိနေပြီး တော့ အခု တပတ် စမယ့် လွှက်တော် မှာလည်း ဒီကိစ္စကို ဆွေးနွေး ကြဖို့ ရှိနေပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ