အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ ဥပဒေ ၇ ခု ပြင်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်ခိုင်ဖြိုး ပါတီက အစိုးရ အဖွဲ့ဝင်တွေ နဲ့ ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော် အမတ်တွေ အကြား ထင်းရှားတဲ့ အကွဲ အပြဲ တစ်ခုလို့ လေ့လာ သူတွေ သုံးသပ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီတဲ့ ပြဌာန်း ချက်တွေ ပါဝင် နေတဲ့ ဥပဒေ ၇ ခုကို ပြင်ဆင်ဖို့ ပြည်သူ့ လွှတ်တော် က တနင်္လာနေ့ မှာ သဘောတူ ခဲ့ပါတယ်။

ဒီ ဥပဒေ ၇ ခု ထဲမှာ ပါတဲ့ သမ္မတ အပါ အဝင် အစိုးရ အဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေးက ပြည်ထောင်စု အဆင့် တာဝန် ရှိသူ တွေကို ပါတီ လုပ်ငန်း လုပ်ခွင့် ပေးထားတဲ့ အချက် ကို ပြင်ဆင်မှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ အပါ အဝင်၊ အစိုးရ အဖွဲ့က ဝန်ကြီး ဒုဝန်ကြီးတွေ၊ အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေး က ပြည်ထောင်စု အဆင့် ရှိသူတွေ ဟာ ပါတီ လုပ်ငန်း လုပ်ခွင့် မရှိပါ။

ပြင်ဆင်ချက် အတည်ဖြစ်ပြီး ပါက လက်ရှိ သမ္မတ၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ အစိုးရ အဖွဲ့ဝင်နဲ့ ပြည်ထောင်စု အဆင့် ရှိ အုပ်ချုပ်ရေး တရား စီရင်ရေးက တာဝန် ရှိသူ တွေဟာ ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်ရင် ပါတီ နာမည် သုံးပြီး မဲဆွယ်လို့ မရ တော့ပါ။

ဒါဟာ ပြည်ခိုင်ဖြိုး ပါတီဝင် အစိုးရ အဖွဲ့တွေနဲ့ ပြည်ခိုင်ဖြိုး ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် တွေ အကြား ထင်းရှားတဲ့ အကွဲ အပြဲ တစ်ခု ဖြစ်တယ်လို့ လေ့လာ သူတွေက သုံးသပ် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ