၀​နယ်​မှာ ဘိန်း​စိုက်​မှု ကွယ်ပျောက်​ခဲ့​ပြီ​လို့ ဝ​တပ်​က ပြော

_opium ဓာတ်ပုံ မူပိုင် unodc
Image caption မနှစ်က ဆိုရင် မြန်မာနိုင်ငံ ဟာ ဘိန်း တန်၈၀ဝ ကျော် အထိ ထုတ် လုပ်ခဲ့ ပြီး ဒါဟာ ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု ရဲ့ ၄ ပုံ ၁ပုံ ဝန်းကျင် ဖြစ်ပါတယ်။

ဝဒေသ မှာ ဘိန်း စိုက်ပျိုးမှု အပါဝင် မူးယစ် ဆေးဝါး တိုက်ဖျက် ရေး လုပ်ငန်း တွေ လုပ်လာ တာ ၁၀ နှစ်ပြည့် လာပြီ ဖြစ်တဲ့ အခု အချိန် ကာလ မှာတော့ ဒေသတွင်း ဘိန်းစိုက်မှု မရှိ တော့ဘူး ဆိုပြီး ဝ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ UWSP က ပြော ပါတယ်။

ဝဒေသ အတွင်း ကုလ သမဂ္ဂ ရဲ့ မူးယစ်ဆေးဝါး နဲ့ ပြစ်မှု ဆိုင်ရာ အဖွဲ့ UNODC က ကွင်းဆင်း လေ့လာ ခဲ့ပြီး ဖြစ်သလို အမေရိကန် နဲ့ တရုတ် တို့ ရဲ့ ဂြိုလ်တု ကတဆက့် စောင့် ကြည့် နေမှု တွေ အရ လည်း ဝနယ် ထဲ ဘိန်း စိုက် ပျိုးမှု မရှိ တော့ ဘူး ဆိုတာ အထင် အရှား ဖြစ် ကြောင်း UWSP ရဲ့ ပြောခွင့် ရ ဦးအောင်မြင့် က ဆိုပါတယ်။

ဒါပေမယ့် မနှစ်က ဆိုရင် မြန်မာနိုင်ငံ ဟာ ဘိန်း တန်၈၀ဝ ကျော် အထိ ထုတ် လုပ်ခဲ့ ပြီး ဒါဟာ ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု ရဲ့ ၄ ပုံ ၁ပုံ ဝန်းကျင် ဖြစ်ပါတယ်။

UNODC ရဲ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ က ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တွေဟာ တိုင်းရင်းသား အဖွဲ့ တွေ နဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ ရှမ်း နဲ့ ကချင် နယ် ထဲမှာ အများ ဆုံးဖြစ်နေပြီး ဘယ်သူ့ ထိန်းချုပ်မှု အောက် မှာ ရှိနေတယ် ဆိုတာ မသိနိုင်ပဲ ထုတ်လုပ် မှု တွေ တိုးတက် များပြား နေတာ ဖြစ်လို့ ဆို ပါတယ်။

စိတ်ကြွဆေး ပြဿနာ တော့ ဒေသတွင်း ရှိနေဆဲ ဖြစ်ပြီး ပပျောက် သွားအောင် ဆက်လက် ကိုင်တွယ် မယ် လို့ ဦးအောင်မြင့် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံ မှာ ၁၉၉၉ ခု နှစ် ကစပြီး ၂၁၀၄ အမှီ မူးယစ်ဆေးဝါး ကင်းစင်ရေး ဆိုပြီး ၁၅ နှစ် စီမံကိန်း နဲ့ လုပ်ခဲ့ပေ မယ့် ဘိန်း နဲ့ စိတ်ကြွဆေး ထုတ်လုပ် မှု ပမာဏ မြင့်လာ နေတဲ့ အတွက် မနှစ် ကတော့ နောက် ၅နှစ် တိုး ပြီး ၂၀၁၉ ခု နှစ် အထိ စီမံကိန်း ကာလ ကို တိုးမြှင့် လိုက်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ