ဖွဲ့စည်းပုံ ဥပဒေ လွှတ်တော်တွင်း က ပြင်နိုင်ဦးမလား

constitution burma
Image caption ဖွဲ့စည်းပုံ ပုဒ်မတွေ ပြင်ဆင်ရေး တင်သွင်း မဲခွဲခဲ့

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် မကြာခင်က လွှတ်တော် မှာ မဲခွဲ အဆို တင်သွင်း ရာမှာ ပြုပြင်မှု အများစု လုပ်ခွင့် မရဘဲ အဆို ရှုံးနိမ့် သွားခဲ့ပါတယ်။

ဒီလို မအောင် မမြင် ဖြစ်ခဲ့ရတာ နဲ့ ပတ်သက် ပြီး မြန်မာ နိုင်ငံ ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော်တွင်း က ပြင်လို့ ရနိုင်မှာ မဟုတ်ဘဲ လွှတ်တော် ပြင်ပ ကနေ ပြင်ယူမှ ရနိုင် လိမ့်မယ် လို့ မွန်ပြည်သစ် ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ကပြောပါတယ်။

ဒီလို လွှတ်တော်တွင်းက ပြင်ဖို့ ကြိုးစားမှုတွေက အကျိုးမရှိလို့ အချိန်ကုန် မခံသင့် ဘူးလို့လည်း သူက ဆိုပါတယ်။

လွှတ်တော် အပြင်မှာ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ အစိုးရ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်တဲ့အခါ ပါတီတွေနဲ့ အတူ ပြင်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ ဒီနှစ် ရွေးကောက်ပွဲ မတိုင်ခင် ပြင်ဆင်နိုင်ဖို့ မလွယ်ကြောင်း နိုင်ဟံသာ ကပြောပါတယ်။

ဒီ ဆွေးနွေးပွဲတွေ မှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရ လိမ့်မယ်လို့ သူက ဆိုပါတယ်။

ဖွဲ့စည်းပုံ ဥပဒေ မှာ သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ နဲ့၊ စစ်တပ်က ကန့်ကွက်ရင် အပြောင်းအလဲ လုပ်လို့ မရတဲ့ ပုဒ်မ ၄၃၆ တို့ကို ပြုပြင်ဖို့ လွှတ်တော်တွင်း မဲခွဲရာမှာ ရှုံးနိမ့်ခဲ့ ပြီးတဲ့နောက် သူက ခုလို ပြောတာ ဖြစ်ပါတယ်။

မွန်ပြည်သစ် ပါတီ ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေထဲက အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေတဲ့ အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ