ထား၀ယ်စီပွားရေးဇုန်အရေး ၃ နိုင်ငံ လက်မှတ်ထိုး

dawei_port_reuters ဓာတ်ပုံ မူပိုင် Reuters
Image caption ထားဝယ် အထူး စီးပွားရေးဇုန် ဟာ မြန်မာ၊ ထိုင်း၊ လာအို နဲ့ ဗီယက်နမ် နိုင်ငံတွေ ကို ကုန်းလမ်းက ချိတ်ဆက် တဲ့ အရှေ့ အနောက် စီးပွားရေး စင်္ကြန် ဒေသ ဖော်ဆောင်ရာ မှာ အရေး ကြီးတဲ့ အစိတ် အပိုင်း ကနေ ပါဝင်။

ထားဝယ် အထူး စီးပွားရေးဇုန် မှာ ဂျပန်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ တို့ ရင်းနှီး မြှုပ်နှံမှု တွေ အညီ အမျှ ထည့်ဝင် လုပ်ဆောင်သွား ဖို့ ဇူလိုင် ၄ ရက် နေ့ က တိုကျိုမြို့ မှာ သုံးနိုင်ငံ ကြား သဘောတူ လက်မှတ် ရေးထိုး ခဲ့ပါတယ်။

စီမံကိန်း တစ်ခုလုံး အတွက် အသေးစိတ် အစီအစဉ် တွေ ကို တော့ ဆက်လက် ရေးဆွဲ ရဦး မှာ ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေ ကြား ညှိနှိုင်း မှု တွေ ပြုလုပ် သွား မယ် လို့ ဂျပန် နိုင်ငံခြားရေး ဌာန က မစ္စတာ အန်ဒို တိုရှိဟိဒီ က ဘီဘီစီ ကို ပြောပါတယ်။

ထားဝယ် အထူး စီးပွားရေးဇုန် ဟာ စတုရန်း မိုင် ၁၂၅ မိုင် နီးပါး ကျယ်ဝန်း ပြီး မြန်မာ၊ ထိုင်း၊ လာအို နဲ့ ဗီယက်နမ် နိုင်ငံတွေ ကို ကုန်းလမ်းက ချိတ်ဆက် တဲ့ အရှေ့ အနောက် စီးပွားရေး စင်္ကြန် ဒေသ ကို ဖော်ဆောင်ရာ မှာ အရေး ကြီးတဲ့ အစိတ် အပိုင်း ကနေ ပါဝင် တယ် လို့ ဂျပန် နိုင်ငံ က ထုတ်ပြန် ပါတယ်။

တဆက်တည်း မှာပဲ တားဝယ် ဒေသ ဖွံ့ဖြိုးရေး လုပ် ငန်း တွေ ဆောင် ရွက် ဖို့ အပါအဝင် မြန်မာ နိုင်ငံ ရဲ့ စီးပွားရေး အခြေခံ အဆောက်အဦး တွေ မြှင့်တင်ရာ မှာ သုံးစွဲ ဖို့ အတိုးနည်း ချေးငွေ ဂျပန် ယန်း ဘီလျံ ၁၀၀ နီးပါး (အမေရိကန် ဒေါ်လာနဲ့ဆို ၈၁၂ သန်း ကျော်ကျော်) ကို ထုတ်ချေး မယ် ဆိုပြီး တော့ လည်း ဂျပန်အစိုးရ က ကတိပြု လိုက်ပါတယ်။

အဲဒီ့ ထဲ က ဒေါ်လာ ၃၃၄ သန်းခွဲ က စွမ်းအင် ထုတ်လွှတ် မှု ကဏ္ဍ အဆင့် မြှင့်တင်ရေးမှာ သုံးဖို့ ဖြစ်ပြီး ရန်ကုန်က မီးရထားလမ်း တွေ အဆင့်မြှင့် တင် ရာမှာ လည်း ဒေါ်လာ သန်း ၂၀၀ ကျော်ကျော် အသုံး ပြု ဖို့ ဖြစ်တယ် လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ ကြေငြာချက် ထဲမှာ ဖော်ပြ ထားပါတယ်။

ဒီ ငွေပမာဏ တွေ ကို သုံးနှစ်တာ ကာလ အတွင်း မှာ ထုတ်ချေးသွား ဖို့ သဘော တူထား ကြောင်း ကြေငြာချက် ထဲ မှာ တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ