မဲစာရင်းတွေ အမှားများလို့ ကော်မရှင်ကို NLD သွားတွေ့

llks_votereducation
Image caption မဲစာရင်း တွေ ဟာ တနိုင်ငံ လုံး အနှံ့ ၇၀% ကျော် မှားယွင်း မှု တွေ ဖြစ် နေ။

ရွေးကောက်ပွဲ ကော်မရှင် က ကြေညာထား တဲ့ မဲပေး ပိုင်ခွင့် ရှိသူ စာရင်း ရဲ့ အမှား အယွင်း တွေ ကို ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံး မဲစာရင်း အတည်ပြု ထုတ်ပြန် ချိန် ထိ ပြင်ဆင် စိစစ်ရေး တွေ လုပ်ဆောင် သွား နိုင် တော့ မှာ ဖြစ်တယ် လို့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် NLD က ပြော ပါတယ်။

အစ ကတော့ ကော်မရှင် က သတ်မှတ် ထား တာက မဲစာရင်း စိစစ် တဲ့ လုပ်ငန်း ကို ဇူလိုင်လ ၇ ရက် နောက်ဆုံး ထား လုပ် ဆောင် ရ ဖို့ ဖြစ် ပါတယ်။

ဒါပေမယ့် ကော်မရှင် က ကြေညာ ထားတဲ့ မဲစာရင်း တွေ ဟာ တနိုင်ငံ လုံး အနှံ့ ၇၀% ကျော် မှားယွင်း မှု တွေ ဖြစ် နေတာ ကြောင့် NLD ပါတီ အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင် က တာဝန် ရှိသူ တွေ ကို ဇူလိုင် ၆ ရက် နေ့ မှာ နေပြည် တော် ကို သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ ရာ ကနေ အခုလို အချိန် တိုးမြင့် ပေးဖို့ ကော်မရှင် ဘက် က သဘောတူ ခဲ့တာ ဖြစ်တယ် ဆိုပြီး NLD ရဲ့ ပြောခွင့်ရ တစ်ဦး ဖြစ်တဲ့ ဦးဝင်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား မိဘ နှစ်ပါး က မွေးဖွားတဲ့ မွေးရာ ပါသား နိုင်ငံသား ဟာ မှတ်ပုံတင် မရှိ သေး ရင် လည်း မဲပေးခွင့် မဆုံးရှုံး စေဖို့ အတွက် ရပ်မိ ရပ်ဖတွေ၊ သက်ဆိုင်ရာ မဲရုံ တာဝန် ခံ တွေ ရဲ့ ထောက်ခံ မှု တွေနဲ့ မဲ ပေးခွင့် ပြု မှာ ဖြစ်တယ် လို့ လည်း ဦးဝင်း မြင့် က ဆို ပါတယ်။

အခုဆိုရင် ကျော်မရှင် ရဲ့ အင်တာနက် စာမျက်နှာ မှာ ပြည်ပ ရောက် မြန်မာ နိုင်ငံသား တွေ မဲ ပေး ဖို့ လုပ်ဆောင် ရမယ့် အသေးစိတ် အချက် အလက် တွေ ဖော် ပြ ထား ပြီ ဖြစ် တယ် လို့ ကော်မရှင် ဘက်က အသိပေး လိုက် ကြောင်း လည်း ဆိုပါတယ်။

NLD ရဲ့ ထောက်ပြ မှု ထဲ မှာ အောက်ခြေ အဆင့် ကော်မရှင် အဖွဲ့ဝင် တွေ ဟာ မဲစာရင်း စိစစ် ရေး နဲ့ ပတ်သက် ပြီး ပူးပေါင်း ဆောင်ရွက် မှု အားနည်း နေတယ် ဆိုတဲ့ အချက် လည်း ပါဝင် ပါတယ်။

ကော်မရှင် အနေ နဲ့ အောက်ခြေ အဖွဲ့ဝင် တွေ ကို မဲစာရင်း စိစစ် ရေး လုပ်ငန်း တွေ မှာ ပူးပေါင်း ဆောင်ရွက် မှု တွေ လုပ် ဆောင် ကြဖို့ ညွှန်ကြား ပေး မယ် လို့ တုန့်ပြန် ခဲ့တယ် ဆိုပြီး တော့လည်း ဦးဝင်းမြင့် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ