လက်ထပ် ထိမ်းမြားခြင်း ဥပဒေ အတည်ပြု

kachin women ဓာတ်ပုံ မူပိုင် AP
Image caption တိုင်းရင်းသူ ဘာသာခြား တွေကို ခွဲခြား ဆက်ဆံ သလို ဖြစ်

မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်း ကို ပြည်ထောင်စု လွှတ်တော် က အတည်ပြု လိုက်ပါပြီ ။

ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် သဘောထား ကွဲလွဲချက် ၁၁ ချက် ရှိခဲ့ ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရမှာတော့ ကန့်ကွက်မဲ့ ၂ဝ ခန့်နဲ့ ကြားနေမဲ ၈ မဲသာ ရှိခဲ့ပြီး ထောက်ခံမဲ ၅ဝဝ ကျော် ရရှိခဲ့တဲ့ အတွက် ဥပဒေကို အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဒီဥပဒေ ပြဋ္ဌာန်း နိုင်တဲ့ အတွက် မြန်မာ ဗုဒ္ဓ ဘာသာဝင် အမျိုးသမီး တွေဟာ ဘာသာခြားနဲ့ လက်ထပ် ပေမယ့် ဗုဒ္ဓဘာသာ ကို ဆက်လက် ကိုးကွယ်ခွင့် ရမှာ ဖြစ်ပါတယ် ။

တကယ်လို့ ဘာသာခြားနဲ့ အိမ်ထောင်ပြု ခဲ့ပြီး ကွာရှင်း ဖို့နဲ့ ပိုင်ဆိုင်မှု ခွဲဝေရေး တို့ သားသမီး စောင့်ရှောက်ရေး ကိစ္စ တို့ကို အခု ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေ နဲ့ပဲ ဆုံးဖြတ် ရတော့မှာပါ ။

အစ္စလာမ် ဘာသာဝင် တွေနဲ့ လက်ထပ်တဲ့ အခါမှာ မြန်မာ အမျိုးသမီး တွေကို သူတို့ ဘာသာထဲ ကူးပြောင်းခိုင်းတဲ့ အလေ့အထ ရှိတာကြောင့် ဗုဒ္ဓ ဘာသာဝင် အမျိုးသမီး တွေကို ကာကွယ်ဖို့ ဒီဥပဒေကို ပြဋ္ဌာန်း ရတာ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဒီဥပဒေ ဟာ တိုင်းရင်းသူ ဘာသာခြား တွေကို ခွဲခြား ဆက်ဆံတဲ့ ဥပဒေ ဖြစ်နေတဲ့ အတွက် ပြဋ္ဌာန်း ဖို့ မသင့်ကြောင်း ချင်းတိုင်းရင်းသူ ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဇာတလမ်း က ကန့်ကွက်ခဲ့ပါတယ် ။

ဒေါ်ဇာတလမ်း အပြင် လူအခွင့်အရေး တက်ကြွ လှုပ်ရှားသူ တွေနဲ့ တိုင်းရင်းသူ ဘာသာခြား တွေက ကန့်ကွက် ခဲ့ ပေမယ့် အခုမှာတော့ ဥပဒေဟာ အတည်ဖြစ် သွားခဲ့ပါပြီ ။

ဒီဥပဒေဟာ မျိုးစောင့် ဥပဒေလို့ လူသိများတဲ့ ဥပဒေ လေးခု ထဲက နောက်ဆုံး ဥပဒေ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ