ကျောင်းသားတွေအရေး ဆုတောင်းခဲ့သူတွေကို ထောင်ချ

myanmar_students_crackdown ဓာတ်ပုံ မူပိုင် epa
Image caption ကျောင်းသား တွေ ကို အကြမ်း မဖက်ဖို့ ပြီးခဲ့တဲ့ မတ်လ တုန်းက မိထ္ထီလာ ရေလယ် ဘုရား မှာ ဝတ်ပြု ဆုတောင်းခဲ့သူတွေ ထောင်ကျ။

အစိုးရ က ကြောက်ရွံ့ နေ တဲ့ အတွက် ပြည်သူ တွေ ကို ထောင်ချ နေ တာ ဖြစ် တယ် ဆိုပြီး ထောင် ၄ လ အချ ခံ လိုက် ရတဲ့ မိတ္ထိလာ ပြည်သူ့ အကျိုးဆောင် ကွန်ယက် က ဒေါ်မြင့်မြင့်အေး က စီရင်ချက် ချအပြီး ရုံးအထွက်မှာ ပဲ သတင်း သမား တွေ ကို ပြောလိုက် ပါတယ်။

ဒီမိုကရေစီ ပညာရေး သပိတ် မှောက် ကျောင်းသား တွေ အရေး ကို ထောက်ခံပြီး ကျောင်းသား တွေ ကို အကြမ်း မဖက်ဖို့ ပြီးခဲ့တဲ့ မတ်လ တုန်းက မိထ္ထီလာ ရေလယ် ဘုရား မှာ ဝတ်ပြု ဆုတောင်း ခဲ့တဲ့ ဒေါ်မြင့်မြင့်အေး အပါအဝင် အမျိုး သမီး ၃ ယောက် ကို ဇူလိုင် ၁၀ ရက် သောကြာ နေ့တုန်း က မိထ္ထီလာ မြို့နယ် တရားရုံး က နေ ထောင် ၄ လ ချ ခဲ့တာ ဖြစ်ပါတယ်။

တောင်သူလယ်သမား အခွင့် အရေး လှုပ်ရှား မှု နဲ့ ထောင် ဒဏ် ၂ လ ကျ ခံနေရ ဆဲ ဖြစ် တဲ့ ဒေါ်မြင့်မြင့်အေး က မြန်မာ အာဏာ ပိုင် တွေ ဟာ လယ်သမား၊ ကျောင်းသား နဲ့ ပြည်သူ တစ်ရပ် လုံးရဲ့ အခွင့် အရေး တွေ ကို မျက်ကွယ်ပြု နေတယ် ဆိုပြီး တော့ လည်း ဝေဖန် ခဲ့ ပါတယ်။

အခု အမှု မှာ ဒေါ်မြင့်မြင့်အေး နဲ့ အတူ မိတ္ထိလာခရိုင် အန်အယ်လ်ဒီ ပါတီဝင် ဒေါ်ခင်မေစီ၊ ၈၈မျိုးဆက် ပွင့်လင်းအဖွဲ့ က ဒေါ်မေသက်ဦးတို့လည်း ထောင် ၄ လ စီ ချမှတ် ခံခဲ့ ရပါတယ်။

မိတ္ထိလာမြို့နယ်တရားသူကြီး ဦးမောင်လွင် ကတော့ အခု အမှု ဟာ သာမန် ဘုရား ပေါ် မှာ ဝတ်ပြု ဆုတောင်း တာ မဟုတ် ပဲ ချီတက် စုဝေး ဟော ပြော တာ မျိုး တွေ ပြု လုပ် ခဲ့ တဲ့ အတွက် ခွင့် ပြုချက် မရ ယူ ပဲ စုရုံး တဲ့ ပုဒ်မ ၁၈ နဲ့ ငြိစွန်းတယ် လို့ ဆို ပါတယ်။

ပုဒ်မ နဲ့ ဆီလျော် ရာ ပြစ်ဒဏ် ကို သူ့ရဲ့ ဆင်ခြင်တုံ တရား နဲ့ ဆုံးဖြတ် ပြီး ထောင်ဒဏ် ၄ လ ချ မှတ် ခဲ့တယ် လို့ တရားသူကြီး ဦးမောင်လွင် က ဆိုပေမယ့် ပြဒ်ဒဏ် စီရင် ခံ ရသူ တွေ ရဲ့ ရှေ့ နေ ကတော့ အခု လို အမိန့် အမျိုး ဟာ အထက် အဆင့်ဆင့် က ညွှန်ကြား ချက် နဲ့ လာတာ လို့ ပြောပါတယ်။

အယူခံ တက် လည်း နိုင် မှာ မဟုတ် ပေမယ့် ဥပဒေ ကြောင်း အရ ဆက်လက် ရင်ဆိုင် ဖို့ ကတော့ အယူခံ တင် သွားမယ် လို့လည်း ရှေ့နေ ဒေါ်ဟန်စုယဉ် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ