ပြည်​သူ​တွေ​အမျက်ပြေ​အောင် ကြိုးစား​မယ်​လို့ တစညပြော

myanmar_election ဓာတ်ပုံ မူပိုင် Reuters
Image caption မဲဆန္ဒ နယ် ၆၀ % ကျော် မှာ တဆည ၀င်ပြိုင်မယ်။

၂၀၁၅ ရွေးကောက်ပွဲ အကြို မဲဆွယ် လှုပ်ရှား မှု တွေ မှာ ပါတီ ရဲ့ မူဝါဒ တွေ ကို ပြည်သူ တွေ ကို တင်ပြ ပြီး ပြည်သူတွေ က အမျက် မပြေ ကြသေးရင် လည်း အမျက် ပြေ ကြရ အောင် ကြိုးစား သွားမယ် ဆိုပြီး တိုင်းရင်းသား စည်လုံး ညီညွတ်ရေး ပါတီ တစည က ပြောလိုက် ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ကျရင် တနိုင်ငံ လုံး က မဲဆန္ဒ နယ် ၆၀ % ကျော် မှာ ၀င်ရောက် ယှဉ် ပြိုင် မှာ ဖြစ်တယ် လို့ တစည ပါတီရဲ့ ပြောခွင့်ရ ဦးဟန်ရွှေ က ဘီဘီစီ ကို ပြောပါတယ်။

တစည ပါတီ ဟာ ၁၉၈၈ နောက် ပိုင်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ကနေ ပြောင်းလဲ ဖွဲ့စည်း ခဲ့တဲ့ နိုင်ငံရေး ပါတီ ဖြစ် ပါတယ်။

ပြည်သူ့လွှတ်တော် ၂၀၂ နေရာ ၊ အမျိုးသားလွှတ်တော် ၁၀၁ နေရာ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ် လွှတ်တော် ၄၃၁ နေရာ နဲ့ တိုင်းရင်းသား ကိုယ်စားလှယ် မဲဆန္ဒနယ် မှာ ၁၅ နေရာ တို့ အတွက် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၇၄၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မယ် လို့ လတ်တလော ပြုလုပ် ခဲ့တဲ့ တစည ပါတီ ဗဟို ကော်မတီ အစည်း အဝေး က ဆုံးဖြတ် ခဲ့ ပါတယ်။

မြို့နယ် အဆင့် ပါတီ မဖွဲ့ ရသေး တဲ့ နေရာ တွေ နဲ့ တိုင်းရင်းသား ဒေသ တွေ မှာ ဒေသ ခံ လူမျိုးစု ပါတီ တွေ အားကောင်း တဲ့ နေရာ တွေ မှာ ဝင် မပြိုင် ဖို့ ဆုံးဖြတ် ထား တယ် လို့ ဦးဟန်ရွှေ က ဆို ပါတယ်။

ကိုယ်စား လှယ် လောင်း တွေ ကို ရွေး ချယ် ရာ မှာ အမျိုး သမီး ဦးရေ နဲ့ မျိုးဆက် သစ် လူငယ် လူလတ် ပိုင်း က ဦးရေ တွေ တိုးတက် များပြား လာဖို့ ရည်ရွယ် ထား တဲ့ အပြင် သက်ဆိုင်ရာ မဲဆန္ဒ နယ် တွေ ရဲ့ ဒေသခံ တွေ ထဲ က လည်း ဦးစား ပေး ရွေး သွား မှာ ဖြစ်တယ် ဆိုပြီး တော့လည်း ဦးဟန်ရွေ က ပြောပါတယ်။

လူအများ ကောင်းစားရေး ဝါဒ၊ ပြည်သူ့ အကျိုးပြု မြန်မာ့လမ်းစဉ် နဲ့ မဇ္စျိမ ပဋိပဋာ ကျဉ့်စဉ် တွေ ကို ပါတီ ရဲ့ အခြေခံ မူ တွေ အဖြစ် ဆက်လက် ဆွဲကိုင် ထားတယ် လို့လည်း ဦးဟန်ရွေ က ဆိုပါတယ်။

လတ်တလော စာရင်း တွေ အရ တစည ပါတီ မှာ အင်အား ၅ သိန်း ကျော် ရှိ ပြီး ၇ သိန်း ကျော် ကနေ လျော့ ကျ သွား တာ ဖြစ်ပေမယ့် ပါတီဝင် အရေ အတွက် အတိတကျ သိရ ဖို့ စိစစ် ရ မှာ တွေ ရှိ သေးတယ်လို့ ဦးဟန်ရွှေက ပြောပါတယ်။

နိုင်ငံရေး မှာ ရိုးသား ဖို့ က အရေး ကြီး တယ် ဆိုတဲ့ အချက် ပေါ် မူတည်ပြီး ရွေးကောက်ပွဲ တွင်း ပြိုင်ဘက် ပါတီ ကြီး တွေနဲ့ ယှဉ် ပြိုင် သွားမယ် လို့ လည်း ဦးဟန်ရွှေက ဆို ပါတယ်။

လွှတ်တော် နဲ့ အစိုးရ တို့ရဲ့ ဆက်ဆံ ရေး ကို ကြည့်ရရင် လက်ရှိ မြန့်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှု ဟာ ထင်သလောက် မပေါက် သေးပဲ ဆက်လက် ပြီး ဆောင်ရွက် သွား ဖို့ လို သေးတယ် ဆိုပြီး ဦးဟန်ရွှေ က သုံးသပ် ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ