NLD နဲ့ တိုင်းရင်းသား မဟာမိတ်ဖွဲ့ ယှဉ်ပြိုင်မယ်

Image caption လောလောဆယ် ခေါင်းဆောင်တွေ ပြိုင်မယ့် နေရာမှာ ရှောင်ဖို့ သဘောတူထား တယ်လို့ NLD ဗဟို ကော်မတီဝင် ဦးဉာဏ်ဝင်း ကပြောပါတယ်

နိုဝင်ဘာလ ၈ ရက် ၂၀၁၅ ရွေးကောက်ပွဲမှာ CRPP ခေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် တိုင်းရင်းသားခေါင်းဆောင် တွေ ဝင်ပြိုင်မယ့် မဲဆန္ဒ နယ်တွေ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ် ဘူးလို့ ပြောလိုက် ပါတယ်။

NLD ဟာ သူ့ကို နိုင်ငံရေး အရ ထောက်ခံ ခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကို မဟာမိတ် အဖြစ် သတ်မှတ်ပြီး သူတို့ ဝင်ပြိုင်မယ့် နေရာ တွေမှာ ရှောင်ဖို့ ကို တရားဝင် ထုတ်ပြော လိုက်တာ ဖြစ်ပါတယ်။

အခု လောလောဆယ် မှာတော့ ခေါင်းဆောင်တွေ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် တွေကိုပဲ သဘောတူ ထားပြီး ပါတီဝင် တွေ ပြိုင်မယ့် နေရာ အတွက် ညှိနှိုင်းဖို့ ရှိတယ် လို့ NLD ဗဟို ကော်မတီဝင် ဦးဉာဏ်ဝင်း ကပြောပါတယ်။

အခုလို မဟာမိတ်ဖွဲ့ ယှဉ်ပြိုင်မှာ နဲ့ ပတ်သက်ပြီး တခြား သဘောတူညီချက်တွေ ကတိကဝတ် တွေ ဘာမှာ မရှိကြောင်း၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

CRPP ကော်မတီဝင် တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ NLD တို့ အကြား ရွေးကောက်ပွဲ အတွက် ညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ် သွားမယ် လို့လည်း ဆိုပါတယ်။

NLD အနေနဲ့ အခုလို တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ ညှိနှိုင်းပြီး ရွေးကောက်ပွဲ အတွက် ပြင်ဆင် လာတာ ဟာ တိုင်းရင်းသားတွေ ထောက်ခံ မှုကို သွယ်ဝိုက် ပြီး ရယူတဲ့ သဘော ဖြစ်တယ် လို့လည်း နိုင်ငံရေး အကဲခတ် တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ