NCA ကို အချော​သတ်​ဖို့ ရန်ကုန်​မှာ ဆွေးနွေး​မယ်

_lawkheela_ncct_meeting
Image caption လော်ခီးလာတုန်းက ပြင်ဆင်ထားတဲ့ ၁၂ ချက် ကို ရန်ကုန် မှာ ဆွေးနွေးမယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ကို အချောသတ် ရေးဆွဲ နိုင်ဖို့ ညှိနှိုင်းပွဲ ကို လာမယ့် ဇူလိုင် ၂၂ ရက် ရန်ကုန်မြို့ မှာ စတင် ပြုလုပ် မယ် ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေရဲ့ အဆင့်မြှင့် ညှိနှိုင်း ရေး အဖွဲ့ က ထုတ်ပြန် ပါတယ်။

အဲဒီ့ အစည်းအဝေး မှာ တိုင်းရင်း သားတပ် တွေ ဘက် က အဆင့်မြှင့် ညှိနှိုင်းရေး အဖွဲ့ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တို့ တွေ့ဆုံ ကြ မှာ ဖြစ်ပါတယ်။

တိုင်းရင်းသား တွေ ရဲ့ လော်ခီးလာ ညီလာခံ က နေ ပြင်ဆင်လိုက် တဲ့ စာချုပ် မူကြမ်း ပါ အချက် ၁၂ ချက် ကို အဓိက ဆွေး နွေး မျာ ဖြစ်တယ် လို့ အဆင့်မြှင့် ညှိနှိုင်းရေး အဖွဲ့ ဒုတိယ ခေါင်းဆောင် လည်း ဖြစ် ချင်းအမျိုးသား တပ်ဦးက အထွေထွေ အတွင်းရေးမှူးချုပ် လည်း ဖြစ်တဲ့ ပူးဇင်ကျုံး က ဘီဘီစီ ကို ပြောပါတယ်။

အခု အစိုးရ သက်တမ်း အတွင်း မှာပဲ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် ရေးထိုး နိုင်ဖို့ မျှော်လင့် ထား တယ် လို့ ပူးဇင်ကျုံး က ပြောပေမယ့် ကချင်၊ ရှမ်း နဲ့ ကရင် ပြည်နယ် တွေ မှာ တိုက်ပွဲ တွေ အကြီးအကျယ် ဖြစ်ပေါ် လာခဲ့ ဖြစ် ပေါ် နေဆဲ ဖြစ် နေ ပါတယ်။

တနိုင်ငံလုံး အပစ်ရပ် ဆိုတဲ့ စကား ရဲ့ အနှစ်သာရ နဲ့ ကိုက်ညီ ဖို့ ဆိုရင် အခုလို တိုက်ပွဲ တွေ ဖြစ်နေတဲ့ လက်နက်ကိုင် တပ် တွေ ပါ အပစ်ရပ် ဆဲ ပြီး NCA ထဲ မှာ ပါဝင် လက်မှတ် ထိုး နိုင် ဖို့ လိုအပ် တယ် လို့ ပူးဇင်ကျုံး က ဆိုပါတယ်။

ဒါ့ ကြောင့် လာမယ့် ဇူလိုင် ၂၂ ရက် ဆွေး နွေး ပွဲ ကြရင် NCA မှာ ဘယ်သူ တွေ လက်မှတ် ရေးထိုး မလဲ ဆိုတဲ့ အချက် ကိုလည်း ဆွေးနွေး စရာ ခေါင်းစဉ် တစ်ခု အနေ နဲ့ ထည့် သွင်း ထား ပါတယ်။

ဒါ့ အပြင် တကယ် လက်မှတ် ထိုး ဖြစ် တဲ့ အခါ နိုင်ငံတကာ နဲ့ ပြည်တွင်း သက်သေ တွေ အဖြစ် ဘယ်သူ တွေ ပါဝင် မလဲ ဆိုတာ လည်း ဆွေး နွေး ရမှာ ဖြစ် ပါတယ်။

နိုင်ငံတကာ အသိသက်သေ တွေ အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၊ အာဆီယံ အတွင်းရေးမှုးချုပ် တို့ ကို သက်သေ ပုဂ္ဂိုလ် တွေ အနေနဲ့ ပါဝင် ကြစေလို တဲ့ တိုင်းရင်းသား တွေ ဘက် က ဆန္ဒ ကို ပူးဇင်ကျုံး က ပြောသလို၊ နိုင်ငံ တွေ အနေ နဲ့လည်း တရုတ်၊ အမေရိကန်၊ ဗြိတိန်၊ ထိုင်း၊ အိန္ဒိယ နဲ့ နော်ဝေ နိုင်ငံ တွေ ကို ရည်မှန်း ထားတယ် လို့ လည်း ဆိုပါတယ်။

ပြည်တွင်း မှာ လည်း ဒေါ်အောင်ဆန်းစုကြည် လို အများ က လေးစားရ တဲ့သူ ကိုလည်း သက်သေ ဖြစ်စေလို တယ် လို့ ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကို တိုင်းရင်းသား တပ် တွေ ဘက် က တကယ် ဖိတ်ခေါ် ခဲ့ပြီ လား၊ ဘယ်လို တုန့်ပြန် သလဲ ဆိုတာ တော့ မသိရ ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ