၆၈နှစ်မြောက် အာဇာနည်နေ့ ကျင်းပ

martyr_day
Image caption လုပ် ကြံခံခဲ့ရတဲ့ ဝန်ကြီးများ ရုံး ကိုဖွင့်ပေး

၆၈ နှစ်မြောက် အာဇာနည်နေ့ကို မြန်မာနိုင်ငံ အနှံ့ ကျင်းပခဲ့ ကြပါတယ်။

ရန်ကုန် မြို့က အာဇာနည် ဗိမာန် ကို ည နေ ၅ နာရီ လောက်ထိ ပြည်သူတွေအလေးပြု ဖို့ ဖွင့်ပေးခဲ့ သလို ဒီနှစ် နိုင်ငံ အနှံ့မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်း အနားကျင်းပတွေ ခါတိုင်း နှစ်တွေထက် ပိုပြီး လွတ်လွတ် လပ် လပ် ကျင်းပခွင့် ရပါတယ်။

မနက် ၁၀ နာရီ ကျော် လောက်မှာ ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ အနှံ့ ဝမ်းနည်း အောက်မေ့တဲ့ အလေးပြုသံ ကားဟွန်းသံ ဥဩဆွဲသံတွေ ဟိန်းထွက် လာခဲ့ ပါတယ် ။

ပြီးခဲ တဲ့နှစ် ကတော့ အာဇာနည်နေ့ ကား ဟွန်းတီး ပြီး အလေးပြု တာ လုပ်ရင် အရေးယူမယ် လို့ သတိပေး တာတွေ ရှိခဲ့ပြီး နောက်တော့ ပြန်ခွင့်ပြု ခဲ့ပါတယ် ။

ဒါ့အပြင် အာဇာနည် ခေါင်းဆောင် တွေကို ရည်စူး ပြီး အောက်မေ့ အမှတ်ရတဲ့ အခမ်းအနား တွေ ဆွမ်းကပ် လှူပွဲ တွေ မြို့အနှံ့ မှာ ကျင်းပ ကြပါတယ်။

Image caption ဒေါ်အောင်ဆန်း စုကြည် ပန်းခွေချ ဂါရဝပြု

ရန်ကုန် ရွှေတိဂုံဘုရား မြောက်ဘက် မှာရှိတဲ့ အာဇာနည် ဗိမာန် မှာ တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် မနက် ၈နာရီ ကျော်က ပန်းခွေချပြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင် ကြီး တွေကို ဂါရ၀ပြု ကန်တော့ခဲ့ ပါတယ် ။

သူရဲ့ အကို ဦး အောင်ဆန်း ဦး လည်း တက် ရောက်လာပါတယ်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စု လွှတ်တော် နာယက ဦး ရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္တဋ္ဌ ဦး ခင်အောင်မြင့်၊ တရားလွှတ် တော် ချုပ် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တို့လည်း တက် ရောက် ပါတယ်။

နေပြည်တော် မှာ တော့ အာဇာနည် ခေါင်း ဆောင် တွေကို ရည်စူး ပြီး သမ္မတ ဦးသိန်းစိန် နဲ့ ကာကွယ်ရေး ဦးစီးချုပ် တို့ ဆွမ်းကပ်ကြပါတယ် ။

ရန်ကုန် ကန်တော် ကြီး ပတ်လမ်း မှာ ရှိတဲ့ ဗိုလ်ချုပ် ပြတိုက် မှာတော့ တာဝါလိန်း လမ်းထိပ် မှာ ပြတိုက် ဝင်ဖို့ ကလေးတွေ လူကြီး တွေတန်းစီ နေကြတာဟာ မနှစ်က ထက် စာရင်တော့ ပိုများ ပါတယ်။

လုံခြုံရေး တွေ မနှစ် ထက် ပိုချထား သလို ဗုံးရှာတဲ့ အထူးအဖွဲ့ တွေ လည်း တွေ့ရ ပါတယ်။

နိုင်ငံ အနှံ့ မြို့တွေမှာ ကျောင်းသား သမဂ္ဂ အဖွဲ့ တွေ ဗိုလ်ချုပ် ကြေးရုပ် တွေမှာ အလေးပြု ကြ သလို တချို့ ကလည်း ဒီမိုကရေစီ တော် လှန်ရေး မှာ ကျဆုံး သွား သူတွေကို အလေးပြု ဆိုပြီး အလေးပြု ကြတာ တွေ ရှိပေမယ့် ဟန့်တား နှောက်ယှက် တာတွေ မရှိ ဘူး လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ