စစ်ကိုင်းတိုင်းမှာ ရေမကျသေး

ဓာတ်ပုံ မူပိုင် bbc
Image caption မင်းမြင်ဆည်မှာ ရေမြင့်တက်နေ

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာမိုးများပြီး ရေကြီးနေတာ အခုထိရေ ပြန်မကျသေးပါဘူး။

ကန့်ဘလူမြို့နယ် နဲ့ မဲဇာချောင်း နားက ရွာ ငါးရွာ မှာ ရေကြီးမှု အဆိုးဆုံး လို့ အစိုးရ အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းက စီးလာတဲ့ ရေ တွေဟာ အခုအခါ မုံရွာအထိရောက်လာလို့ မြို့ထဲကို ရေမဝင်အောင် မြို့ ကိုကာတဲ့ ကန်ပတ်လမ်းတာ ရိုးတွေ ထပ်ပြီးဆည်ဖို့နေကြပါတယ်။

ကန့်ဘလူမြို့နယ်က မင်းပြင်ဆည်နဲ့ အရာတော်က သဖန်းဆိပ်ဆည်တွေဆီကို သမ္မတဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သွား ရောက်ကြည့်ရှု ခဲ့ ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၇၀ဝ လောက်ဟာလည်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့အတူကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နေကြတယ်လို့ မန္တလေးကဘီဘီစီသတင်းထောက်ကပြောပါတယ်။

အခုအချိန်အထိ ရေကြီးမှုကြောင့်သေဆုံးသူ ၇ ဦးရှိပြီဖြစ် ပြီး အဲဒီ အထဲမှာ ကယ်ဆယ်ရေး ဆောင်ရွက်တဲ့ ရဲ နဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေ ပါဝင်တယ် လို့ စောစောက အရာရှိကဆိုပါတယ်။