တိုင်းပြည်ငြိမ်းချမ်းမှ တပ်မတော်က မူလနေရာကိုပြန်မယ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
Image caption ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ရန်ကုန်အခြေစိုက် ဘီဘီစီသတင်းထောက် Jonah Fisher နဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမယ်လို့ ထင်မြင်ယူဆပြီး ဥပဒေအရ ဘယ်သူနိုင်နိုင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ်လို့ ပြောသွားပါတယ်။

တပ်မတော်အနေနဲ့ ထာဝရ ငြိမ်းချမ်းရေးကို လိုလားပြီး လက်ရှိ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရဖို့လည်း တဖက်နဲ့တဖက် ယုံကြည်မှုရှိဖို့လိုကြောင်း တိုင်းရင်းသားတွေ အနေနဲ့ လက်နက်ကိုကိုင်ပြီး သူတို့ရဲ့အခွင့်အရေးအာဏာ တချို့ကို ရယူထားတာမျိုး မရှိသင့်ဘူးလို့လည်းဆိုပါတယ်။

တိုင်းပြည်တည် ငြိမ်အေးချမ်းပြီး ပြည်သူလူထုတွေ အတွက် အာမခံချက်ရှိမှသာ တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ မူလနေရာကို ပြန်သွားမှာဖြစ်ပြီး အနည်းဆုံး အချိန်ကာလအားဖြင့် ၅နှစ်ကနေ ၁၀နှစ် အထိ ကြာနိုင်တယ်လို့ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟာ လာမယ့်နှစ်ကျမှ အသက် ၆၀ ပြည့်မှာဖြစ်ပြီး ပြည်သူတွေကလည်း လိုလားတယ်၊ လွှတ်တော်ကလည်း အဆိုပြုတယ်ဆိုရင်တော့ အဲဒီအချိန်ကျမှ သမ္မတလုပ် မလုပ် အဖြေပေးနိုင်မယ်လို့ ဘီဘီစီကို ဖြေကြားသွားပါတယ်။

အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။