ပြည်​သူ့​လွှတ်တော်​ရဲ့ အဆို​တွေ ရှုံး​နိမ့်

hluttaw_304x17
Image caption မဲခွဲ ဆုံးဖြတ် စရာ ကျန် နေသေးတာ ကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပဲ ဖြစ် ပါတယ်။

လွှတ်တော် ၂ ရပ်ကြား မှာ သဘောထား ကွဲ လွဲ နေတဲ့ ဥပေဒ ၃ ခု နဲ့ ပတ်သက်ပြီး လွှတ်တော် ၂ ရပ် ပေါင်း ဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော် ထဲ မှာ ဇူလိုင် ၂၃ ရက် နေ့ က မဲ ခွဲ ဆုံး ဖြတ် ခဲ့တဲ့ အခါ မှာ ပြည်သူ့ လွှတ် တော် ရဲ့ အဆို ရှုံး နိမ့် ခဲ့ ပါတယ်။

အစိုးရ အဖွဲ့ နဲ့ သက်ဆိုင် တဲ့ ဥပဒေ တွေ ဖြစ်တဲ့ နေပြည်တော်ကောင်စီ ဥပဒ၊ ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေ နဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတွေ ကို ပြင်ဆင် ဖို့ ပြည်သူ့ လွှတ် တော် က အကြံ ပြုထား တာ ဖြစ် ပါတယ်။

အဲဒီ့ ဥပဒေ တွေ ကို ပြင်ဆင် ဖို့ အဆို ဟာ မဲ ခွဲ တဲ့ အခါ ထောက်ခံ မဲ ၂၀၁ မဲ ရရှိ ပေမယ့် ကန့်ကွက် မဲ က တော့ ၂၄၅ မဲ ရရှိ ခဲ့ ပါတယ်။

အခု ဆိုရင် ဥပဒေ ပြင်ရေး မပြင်ရေး ကို လွှတ်တော် ၂ ရပ်ကြား မှာ သဘောထား ကွဲ လွဲ နေ လို့ မဲခွဲ ဆုံးဖြတ် ဖို့ ကျန် နေသေးတဲ့ ဥပဒေ ကတော့ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ ပဲ ဖြစ် ပါတယ်။

အဲဒီ့ ဥပေဒ ပါ စကား ဖြစ်တဲ့ အစိုးရ အဖွဲ့ အနေ နဲ့ ရွေး ကောက်ပွဲ ဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ဆောင် နိုင်တယ် ဆိုတဲ့ အချက် ဟာ ဖွဲ့စည်းပုံ နဲ့ မကိုက်ညီ တဲ့ အတွက် ပြင်ဆင် မယ် ဆိုပြီး ပြည်သူ့ လွှတ် တော် က ဆုံးဖြတ် ထား ပြီး အမျိုးသား လွှတ် တော် က သဘော မတူ ပါဘူး။

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပါ အဲဒီ့ အချက် ကို ပြင်မလား ဆိုတာ ကို အခုလို မျိုး ပဲ ပြည်ထောင်စု လွှတ်တော် ထဲ မှာ မဲခွဲ ဆုံးဖြတ် ကြဦး မှာ ဖြစ်ပေမယ့် ဘယ် တော့ လုပ် မလဲ ဆိုတဲ့ ရက်စွဲ အတိတကျ တော့ ထွက် မလာ သေးပါဘူး။

တကယ်လို့ အခု ဥပဒေ ၃ ခု လိုပဲ ပြည်သူ့ လွှတ် တော် ရဲ့ ပြင် ဖို့ အဆို ရှုံး နိမ့် ခဲ့ ရင်တော့ သမ္မတ အပါအဝင် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် တွေ ဟာ ပါတီ စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ