ချင်း​မိုင်​မှာ မြန်မာ​ကောင်​စစ်​ဝန်ချုပ်​ရုံး ဖွင့်​မယ်

thai_burma_migrant_workers ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်းမြောက်ပိုင်းက မြန်မာနိုင်ငံသား တွေကို ကူညီ နိုင်ဖို့ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်တာ ဖြစ်တယ်လို့ ပြော။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မြို့ မှာ ဇူလိုင် ၂၉ ရက် နေ့ က စပြီး မြန်မာ ကောင်စစ်ဝန်ချုပ် ရုံး ဖွင့်လှစ် ထားရှိ တော့ မှာ ဖြစ် ပါတယ်။

မြန်မာပြည် ကို လာရောက် ရင်းနှီးမြှုပ်နှံ လိုသူ တွေ အတွက် လိုအပ် တဲ့ သတင်းအချက် အလက် တွေ ပံ့ပိုး ပေး နိုင် ဖို့ အပြင် အဲဒီ့ ဒေသထဲ မှာ ရောက် ရှိ နေ တဲ့ မြန်မာ နိုင်ငံ သား တွေ ရဲ့ အကျိုးစီးပွား ကို ကာကွယ်စောင့် ရှောက် နိုင်ဖို့ အတွက် လည်း အခုလို ရုံး ဖွင့်လှစ် ရခြင်း ဖြစ်တယ် လို့ ကောင်စစ်ဝန်ချုပ် ဦးကောင်းစံလွင် က ဘီဘီစီ ကို ပြောပါတယ်။

ထိုင်း နိုင်ငံ မြောက်ပိုင်း ရောက် မြန်မာ တွေ အတွက် နိုင်ငံကူး လက်မှတ် ပျောက်ဆုံး တာမျိုး ဖြစ်စေ၊ သက်တမ်း တိုးလို တာ မျိုး ဖြစ်စေ ကောင်စစ်ဝန်ချုပ် ရုံး အနေနဲ့ ဘန်ကောက် မြန်မာ သံရုံး နည်းတူ ဆောင်ရွက် ပေးနိုင်တယ် လို့ လည်း ဦးကောင်းစံလွင် က ဆိုပါတယ်။

ဒါမှမဟုတ် ထိုင်းနိုင်ငံ အတွင်း ဘဏ်စာရင်း ဖွင့် လိုသူတွေ၊ ယာဉ်မောင်း လိုင်စင် လျှောက် လို သူ တွေ အတွက် လည်း ထောက်ခံ စာ ရေးပေး တာမျိုး အပါအဝင် လိုအပ်တဲ့ အချက်အလက် တွေ ပံ့ပိုး ပေးတာ မျိုး အားဖြင့် လည်း ကူညီ နိုင်တယ် ဆိုပြီး ဦးကောင်းစံလွင် က ပြောပါ တယ်။

အခုလိုမျိုး ချင်းမိုင် မှာ ကောင်စစ်ဝန်ချုပ်ရုံး တစ်ခု ထားလိုက် တဲ့ အတွက် မြန်မာ နိုင်ငံ ထဲ ကို စီးပွားရေး အလို့ငှာ သွားရောက် လို ကြတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက လုပ်ငန်းရှင် တွေ အတွက် ဘန်ကောက် သံရုံး အထိ တကူးတက သွားရောက် စရာ မလို တော့ပဲ ပြည်ဝင်ခွင့် ဗီဇာ ရယူ တာက အစ ချင်းမိုင်ရုံး မှာ ဆောင်ရွက် နိုင်တော့ မှာ ဖြစ်တယ် လို့လည်း ဦးကောင်းစံလွင် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ