ကိုမန် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်

cyclone ဓာတ်ပုံ မူပိုင် fcous bangla
Image caption မုန်တိုင်းကြောင့် ရေမြုပ်ပျက်စီးမှုတွေ အတော်များ

ဘင်္ဂလား ပင်လယ် အတွင်း တည်ရှိနေတဲ့ ကိုမန် ဆိုင်ကလုန်း မုန်တိုင်း ဖြတ်သန်း တိုက်ခတ် သွားတဲ့ အတွက် ရခိုင်ပြည်နယ် အတွင်း အပျက်အစီးတွေ ရှိခဲ့ သလို ရေကြီးရေလျှံမှုတွေ လည်း ဖြစ်ပေါ် ခဲ့ပါတယ်။

ဘင်္ဂလား ပင်လယ်အော် မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် ဟာ အင်အားပြင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ပြောင်းလဲခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို ကြာသပတေး နေ့ မနက် ကနေ ညနေပိုင်းထိ အဖျားခတ် ဖြတ်သန်း ပြီး တနာရီ မိုင် ၅ဝ နှုန်းနဲ့ ဖြတ်သန်း တိုက်ခတ် ခဲ့ပါတယ်။

အဲသလို တိုက်ခတ် ခဲ့တဲ့ အတွက် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မြေပုံ၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင် မြို့နယ် တွေမှာ အဆောက်အဦ တွေ၊ အိမ်တွေ၊ သစ်ပင်တွေ လဲပြိုကျ ခဲ့ပါတယ်။

စစ်တွေမြို့ပေါ်မှာ အိမ်တွေ ရေထဲ မျောပါ သွား တာတွေ ရှိသလို သစ်ပင်တွေ အမြစ်ကနေ လဲပြို တာတွေ ရှိတဲ့ အတွက် လမ်းတွေလည်း ပိတ်ဆို့ ကုန်တယ်လို့ သိရပါတယ်။

မင်းပြားမြို့ပေါ် မှာတော့ မုန်တိုင်းနဲ့ အတူ မြစ်ရေဟာ စိုးရိမ် ရေမှတ် ကျော်လွန်လာတဲ့ အတွက် လူပေါင်း ၁ဝဝဝ နီးပါး ခန့်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်း ခဲ့ရပါတယ်။

ရသ့တောင်မြို့နယ် အတွင်း မှာလည်း အစိုးရ အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကျောက်တော် မြို့နယ်မှာတော့ လယ်ဧက ထောင်နဲ့ချီ ရေမြုပ်နေတဲ့ အတွက် ပျက်စီးမှုတွေ အတော်များတယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ရှိတဲ့ မောင်တော မြို့နယ်မှာလည်း အပျက်အစီးတွေ များပြီး ဖုန်းလိုင်းတွေ ပြတ်တောက် နေတယ်လို့ သိရပါတယ်။

ကိုမန်လို့ အမည်ရှိတဲ့ မုန်တိုင်း ဟာ ကြာသပတေး နေ့ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းကို ဖြတ်ကျော် ဝင်ရောက် ခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ