ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ကို လုံခြုံရေးတပ်ဖွဲ့တွေ ဝိုင်း

ဓာတ်ပုံ မူပိုင် usdp
Image caption စစ်တပ် အရာရှိတွေ ပါဝင် တယ်လို့ ယူဆရတဲ့ ကား ၅ စီး ရောက်ရှိ လာပြီး ပါတီ ဌာနချုပ် အတွင်း ဝင်ရောက်

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်မှာ ရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ် ထဲကို လုံခြုံရေး အင်အား ၂၀၀ လောက်နဲ့ ဗုဒ္ဓဟူးနေ့ ည ၁၀ နာရီ ခွဲ အချိန်မှာ ဝိုင်းထားခဲ့ ပါတယ်။

အဲဒီနောက်မှာတော့ နေပြည်တော် ကောင်စီ ဥက္ကဌ နဲ့ စစ်တပ် အရာရှိတွေ ပါဝင် တယ်လို့ ယူဆရတဲ့ ကား ၅ စီး ရောက်ရှိ လာပြီး ပါတီ ဌာနချုပ် အတွင်း ဝင်ရောက်သွား တယ်လို့လည်း သိရပါတယ်။

ပါတီဌာနချုပ် အတွင်း အစည်း အဝေး လာတက်သော ကိုယ်စားလှယ် တချို့နဲ့ ပါတီထုတ် သတင်းစာက မီဒီယာ သမား တချို့ ရှိနေပြီး၊ အဲဒီ မီဒီယာ သမား တွေကို အပြင် ထွက်ခိုင်း ခဲ့သည်ဟု သိရပါတယ်။

ပါတီဌာန ချုပ် အတွင်း လူကြီးပိုင်းထဲက ဘယ်သူတွေ ရှိနေတယ် ဆိုတာ ကိုတော့ အတိ အကျ မသိ ရသေးပါ။

ဗုဒ္ဓဟူးနေ့ ညနေပိုင်း ကလည်း သူရ ဦးရွှေမန်း အတွက် လုံခြုံရေး တာဝန် ယူထားတဲ့ ရဲမှူးကို ရဲချုပ်က ခေါ်ယူ စစ်ဆေး ခဲ့တယ် လို့လည်း သိရပါတယ်။

အစိုးရပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ကတော့ သူ့အနေနဲ့အသေးစိတ်မသိထားပေမဲ့ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ လုပ်တာလို့ သူကြားရတဲ့အကြောင်း ပြောပါတယ်။

ဘယ်သူကို့ ဘယ်သူနဲ့အပြောင်းအလဲ လုပ်တာလဲ ဆိုတာ ကိုတော့ သူ က အတည်ပြုမပြောပေမဲ့ ပါတီ မူဝါဒတွေ ကိုမလိုက်နာ သူတွေ၊ ပါတီ အကျိုး ကိုမကြည့်ပဲ ကိုယ်ကျိုးကြည့်သူတွေ၊ ပါတီအတွင်း ဂိုဏ်းဂဏ ဖွဲ့သူတွေ ကို ပါတီ က ပယ်ရှားပစ်တာဟာ နိုင်ငံရေးအရ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ် လို့ သူ က ပြောပါတယ်။

ဦးရဲထွဋ်ရဲ့ ပြောကြားချက် အပြည့်အစုံကို အောက်မှာ နားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ