ချင်းမိုင် ဆွေးနွေးပွဲ မပြီးပြတ်

ncct
Image caption အပစ်ရပ် အတွက် အစိုးရ နဲ့ တိုင်းရင်းသားတွေ အကြိမ်ကြိမ် ဆွေးနွေးခဲ့

တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် NCA ကို အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား အပြီးသတ် လက်မှတ် ရေးထိုးနိုင် ရေး နဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီးက ခေါင်းဆောင် တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တတိယမြောက် နေ့ အဖြစ် ဆက်လက် ဆွေးနွေးခဲ့ကြရာမှာ တိကျတဲ့ ဆုံးဖြတ်ချက် မချနိုင် ဘဲ ရက်ထပ်တိုးပြီး ဆက်ဆွေးနွေးသွားမယ် လို့ သိရပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် မှာ တိုင်းရင်းသား အဖွဲ့တွေ အားလုံး ပါဝင် လက်မှတ်ထိုး နိုင်ရေး မူကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားတာမျိုး မရှိတော့ဘဲ အားလုံး အတွက် အကောင်းဆုံး အဖြေရအောင် နည်းလမ်း ရှာဖွေဖို့ ကိုပဲ ဦးတည် ဆွေးနွေး ခဲ့ကြတာ တွေ့ရတယ် လို့ အဲဒီမှာ သတင်း ယူနေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ထိုင်း နိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား ကိုယ်စားလှယ် တွေ ဆွေးနွေးပွဲမှာ အဖွဲ့တွေ အားလုံး ပါဝင် လက်မှတ်ထိုး နိုင်ရေးကို ဆုပ်ကိုင် ထားတဲ့ အဖွဲ့ တွေ ရှိပေမယ့် ဒီလို မရရင် အစိုးရ ဘက်က လက်ခံနိုင်မယ့် အဖြေရဖို့ ဆိုတာ တွေ ဆွေးနွေးကြတယ် လို့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ဝင် ကေအင်ယူ က ပဒို ကွယ်ထူးဝင်း က ပြောပါတယ်။

သဘောတူညီချက်ရဖို့ နီးစပ်လာပြီလို့ တိုင်းရင်းသား ကိုယ်စားလှယ် တချို့က ပြောပါတယ်၊ အပြီးသတ် ဆုံးဖြတ်ချက် တနင်္လာနေ့ ရအောင် ဆက်ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ