ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပါတီတွေ တွေ့ဆုံ

Image caption ဒုတိယ အကြိမ် မဲစာရင်းကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြည်လည် ကြေငြာမယ်

ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လျှောက်ထား သူများ ထဲက ကိုယ်စားလှယ် လောင်း အရည် အချင်း မကိုက်ညီသူ စုစုပေါင်း ၈၈ ဦး ရှိတယ် လို့ ရွေးကောက် ပွဲ ကော်မရှင်က ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ စက်တင်ဘာ လ ၁ ရက်နေ့က တွေ့ ဆုံရာမှာ ကော်မရှင် ဘက်က အခုလို ပြောကြား ခဲ့တာ ဖြစ်ပါ တယ်။

နိုင်ငံရေး ပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့တဲ့ အခါ မဲစာရင်း ကိစ္စ ကြိုတင်မဲ ကိစ္စ ငြင်း ပယ် ခံရတဲ့ ကိုယ်စားလှယ်လောင်း ကိစ္စနဲ့ ရေကြီး နစ်မြုပ်မူ ဒဏ် ခံရတဲ့ ဒေသတွေ ရဲ့ မဲပေးခွင့် ကိစ္စတွေကို ဆွေးနွေး ခဲ့ပါတယ်။

ငြင်းပယ် ခံရတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ စက်တင်ဘာ လ ၃ ရက် နေ အထိ အယူခံဝင် ရမှာ ဖြစ်တယ်လို့ ကော်မရှင်ဥက္ကဌ ဦးတင် အေးက ပြောပါတယ်။

ဒုတိယ အကြိမ် မဲစာရင်းကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ ပြည်လည် ကြေငြာမှာ ဖြစ်သလို အဲဒီ မဲစာရင်းမှာ မပါတဲ့ လူတွေ အနေနဲ့စ က်တင်ဘာလ ၂၇ ရက် နေ့ထိ ပြင်ဆင် လို့ ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အကူး အပြောင်း အတွက် အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပေ မယ်လို့ ကော်မရှင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ