PKK လက်ချက်နဲ့ တူရကီစစ်သားတွေသေ

_kurdistan_workers_party_ ဓာတ်ပုံ မူပိုင် Reuters
Image caption PKK ရဲ့ ထုတ်ပြန်ချက် အရ အစိုးရ စစ်သား ၁၅ ယောက် သေဆုံးသွားတယ် လို့ ဆိုပေမယ့် သီးခြား အတည်ပြုချက် တော့ မရှိ သေးပါဘူး။

တူရကီ နိုင်ငံ တောင်ပိုင်း အီရန် နဲ့ အီရတ် နိုင်ငံတို့နဲ့ နယ်စပ် အနီး က ဟတ်ကာယာရီ ဒေသ မှာ ကာ့ဒ်မျိုးနွယ်စု လက်နက်ကိုင် အဖွဲ့ ဖြစ်တဲ့ PKK တွေ ရဲ့ လက်ချက် နဲ့ အစိုးရ စစ်သား အများအပြား သေဆုံး သွားတယ် လို့ တူရကီ က လာတဲ့ သတင်းတွေ က ဆိုပါတယ်။

တူရကီ စစ်ဘက် မော်တော်ယာဉ် ၂ စင်း လမ်းပေါ်မှာ ဖောက်ခွဲ ခံလိုက် ရတယ် ဆိုပြီး တူရကီ မီဒီယာ တွေမှာ ဖော်ပြ နေပါတယ်။

PKK ရဲ့ ထုတ်ပြန်ချက် အရ အစိုးရ စစ်သား ၁၅ ယောက် သေဆုံးသွားတယ် လို့ ဆိုပေမယ့် သီးခြား အတည်ပြုချက် တော့ မရှိ သေးပါဘူး။

တူရကီ မှာ ယူရို ၂၀၁၆ ခြေစစ်ပွဲ နယ်သာလန် နဲ့ ကန်နေတာ ကို သွားရောက် အားပေးနေတဲ့ တူရကီ ဝန်ကြီး ချုပ် အာမက်ဒါဗူးတော်လူး လည်း ပွဲပြီးထိအောင် မနေနိုင်ပဲ မြို့တော် အဲန်ကရာ မှာ အစိုးရ အရေးပေါ် အစည်းအဝေး ခေါ်ယူ ခဲ့ရပါတယ်။

တူရကီ အစိုးရ နဲ့ PKK အကြား အပစ်ရပ် သဘောတူမှု ကျိုးပေါက် ခဲ့ပြီးတဲ့ နောက် ပြီးခဲ့တဲ့ ဂျူလိုင်လ ကစလို့ ၂ ဘက်တပ်တွေ ကြား တိုက်ပွဲတွေ ပြင်းထန် လာနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ