ပြည်ခိုင်ဖြိုး အမတ်လောင်း ၂ ဦး တိုင်းကြား ခံရ

ဓာတ်ပုံ မူပိုင် USDP Website
Image caption ဝန်ကြီး ဦးမြင့်လှိုင် ကို မဲ ပေးကြ ပါစို့ စာတမ်း ရိုက်နှိပ် ထားတဲ့ ထီးတွေ ကို ဝေခဲ့တာ ဖြစ်ပါ တယ်

ပြည်ခိုင်ဖြိုး ပါတီရဲ့ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်က ကိုယ်စားလှယ်လောင်း နှစ်ဦး မဲဆွယ်မူ တွေဟာ ဥပဒေနဲ့ မညီဘူးလို့ ယူဆတဲ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းက ရွေးကောက်ပွဲ ကော်မရှင် ထံ စာပို့ပြီး တိုင်ကြားလိုက် ပါတယ်။

အဲဒီ မြို့နယ်မှာ ဝင်ပြိုင်မယ့် လည်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်လှိုင် ကို မဲ ပေးကြ ပါစို့ စာတမ်း ရိုက်နှိပ် ထားတဲ့ ထီးတွေ ကို အဲဒီ မြို့နယ် ထဲက ကျေးရွာ တွေမှာ ပြီး ခဲ့တဲ့ ရက်ပိုင်းက ပြည်သူ လူထု တွေကို ဝေတာ ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲဒီ က ပြိုင်ဘက် ကိုယ်စားလှယ် လောင်း ဦးသန့်ဇင်ထွန်း က တိုင်တာ ဖြစ်ပါ တယ်။

ဒီမတိုင်ခင် ရဲစခန်း ကို တိုင်းကြားခဲ့ ပေမယ့် ရဲတပ်ဖွဲ့ က ရဲအရေး မပိုင်တဲ့ အမူ ဆိုပြီး အမှု ဖွင့်လို့ မရ ခဲ့တဲ့ အတွက် အခု လို ကော်မရှင် ထံ ထပ်ပြီး တိုင်ကြားတာ ဖြစ်ပါတယ်။

အန်အဲလ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ် ကာလ မရောက်မီ မဲဆွယ်မှုနှင့် ပိုစတာများ ထောင်ကာ စည်းရုံးမှု တို့ကြောင့် တသီး ပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ယှဉ်ပြိုင်မည့် ဦးကျော်ဝင်း ကလည်း တိုင်တန်းထား တယ်လို့ နေပြည်တော် ဘက်က သတင်းတွေ ရပါတယ်။

ရွေးကောက်ပွဲ ကော် မရှင် ကတော့ ဒီ တိုင်တန်းမှုတွေနဲ့ ပတ်သက်လို့ ထုတ်ပြော တာမျိုး တော့ မရှိသေးပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ