ဖဲကြိုးဝါ လှုပ်ရှားမှု စတင်

Image caption စစ်တပ်က အငြိမ်းစား အရာရှိ (၂၀)လောက် ကို ပြည်ထောင်စု တရား လွှတ်တော် ရုံးချုပ် မှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့် အထိ ခန့်အပ် ခဲ့

အငြိမ်းစား ယူထားတဲ့ တပ်မတော် အရာ ရှိတွေ အစိုးရ တရားရေး ဌာနမှာ ခန့်အပ် တာကို ကန့်ကွက်တဲ့ အနေနဲ့ ရှေ့နေ အဖွဲ့ အစည်း တွေက ဖဲကြိုးဝါ အင်္ကျီမှာ တပ်ဆင်တဲ့ လှုပ်ရှားမှု ကို ဦးဆောင် ပြုလုပ်နေ ပါတယ်။

လှုပ်ရှားမှုကို နေပြည်တော် ဥပဒေ အထောက် အကူပြု အဖွဲ့ ပျဉ်းမနား ရှေ့နေ အသင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ လွတ်လပ် သော ရှေ့နေများ အသင်း အထက် မြန်မာပြည် အောက်မြန်မာ ပြည် ရှေ့နေများ ကွန်ရက် တွေက တနိုင်ငံလုံး အနှံ့ ပြုလုပ်ဖို့ ရှိနေ ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် လမှာ စစ်တပ်က အငြိမ်းစား အရာရှိ (၂၀)လောက် ကို ပြည်ထောင်စု တရား လွှတ်တော် ရုံးချုပ် မှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့် အထိ ခန့်အပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင် တာကို ကန့်ကွက်တဲ့ အနေနဲ့ ရှေ့နေတွေက သူတို့ရဲ့ အင်္ကျီ အနက် တွေမှာ ဖဲကြိုး ဝါတွေ တပ်ဆင်ပြီး ကန့်ကွက် လှုပ်ရှား မှုတွေ လုပ်နေ ကြ တာပါ။

ဗုဒ္ဓဟူးနေ့က နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏ ခရိုင် တရား ရုံးမှာ အဝါရောင် ဖဲကြိုးတွေ တပ်ဆင်ပြီး စတင် ကန့်ကွက်ခဲ့ ပါတယ်။ ကြာသပတေး နေ့ မှာတော့ ပျဉ်းမနား၊ ပြည် နဲ့ မော်လမြိုင် မြို့တွေက တရားရုံး ရှေ့တွေမှာ ဖဲကြိုးဝါ လှုပ်ရှား မှုတွေ ထပ်လုပ်ခဲ့ ပါတယ်။

ဒီ့အရင် ပြီးခဲ့တဲ့ လတုန်း ကလည်း ကျန်းမာရေး ဌာနမှာ အငြိမ်းစား စစ်တပ် အရာရှိ ဟောင်းတွေ ခန့်အပ် တာကို ကန့်ကွက်တဲ့ ဖဲကြိုးနက် လှုပ်ရှား မှုတွေ စခဲ့ပြီး နောက် အခု ဖဲကြိုးဝါ လှုပ်ရှားမှု တွေ ထပ်လုပ်တာ ဖြစ်ပါတယ်။

လှုပ်ရှားမှု မှာ အစိုးရ ပြည်ထောင်စု ရှေ့နေ ချုပ်ရုံးက ဝန်ထမ်းတွေ မပါသေး ပေမယ့် ကန့်ကွက် မှုကို ထောက်ခံတဲ့ လက်မှတ်တွေ ကောက်ယူ ပြီးတော့ ပြည်ထောင်စု ရှေ့နေ ချုပ်ရုံးကို ပေးပို့ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ