လက်ပံတန်း ဖြိုခွဲမှု အရေးယူဖို့ လူ့အခွင့်အရေး ကော်မရှင်ပြော

myanmar_student_protest ဓာတ်ပုံ မူပိုင် epa
Image caption လက်ပံတန်း သပိတ် ဖြိုခွဲ ခံရစဉ်က

မတ်လတုန်းက လက်ပံတန်းမြို့မှာ ဖြစ်ခဲ့တဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး အတွက် ဆန္ဒပြ သပိတ်စစ်ကြောင်းကို ဖြိုခွဲခဲ့ရာမှာ နည်းလမ်း တကျမလိုက်နာခဲ့တဲ့၊ အဓိကရုဏ်း နှိမ်နင်းရေး လုပ်ငန်းစဉ်တွေကို အဆင့် ကျော်လွန် ဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် တွေကို အရေးယူဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

နောက်ပြီး ရဲတွေဘက်ကို ရေသန့်ဘူးနဲ့ စပေါက်သူတွေနဲ့ တုတ်၊ ခဲတွေနဲ့ ပစ်ပေါက်သူတွေ၊ ရဲ ယာယီစခန်းနဲ့ အတားအဆီးတွေကို ဖျက်ဆီးခဲ့သူတွေကို ပါ အရေးယူသင့်တဲ့ အကြောင်း ဖော်ပြထားပါတယ်။

တစ်ခါ မန္တလေးတိုင်း ရတနာပုံ တက္ကသိုလ်က ဖမ်းဆီး ထိန်းသိမ်းခံ ဆန္ဒပြ ကျောင်းသား ၄ ဦး စာမေးပွဲ ဖြေဆိုနိုင်ဖို့ အချုပ်လွတ် ထုခြေခွင့် အတွက် အာမခံ လျှောက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးနစ်နာမှု မရှိဖို့ အလေးထားပြီး စဉ်းစားပေးသင့်တဲ့ အကြောင်းလည်း တိုက်တွန်းထားပါတယ်။