ဒီမိုကရက်တစ်ပါတီ (မြန်မာ)

ဓာတ်ပုံ မူပိုင် Union Election Commission
Image caption ပါတီအလံ

ပါတီအမည်

ဒီမိုကရက်တစ်ပါတီ

Democratic Party (Myanmar)

ပါတီဥက္ကဋ္ဌ

ဦးသုဝေ

ယှဉ်ပြိုင်မည့်နေရာ

ရန်ကုန်တိုင်း အပါအဝင် တိုင်း ၆ တိုင်းမှာ ကိုယ်စားလှယ် ၄၉ နေရာ။ ပြည်နယ်တွေမှာ မပြိုင်၊ မကွေးတိုင်း မပါ။ ဘဏ္ဍာရေး အကန့်သတ်ကြောင့် တချို့ နေရာတွေ မပြိုင်။

ပါတီဥက္ကဋ္ဌ ဦးသုဝေက စမ်းချောင်းက ပြိုင်မယ်။ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ကျောက်တံတားက ဝင်မယ်။

ကိုယ်စားလှယ် အရည်အချင်း သတ်မှတ်ချက်

ပါတီမူဝါဒလမ်းစဉ်ကို ယုံကြည်ပြီး တက်တက်ကြွကြွ လှုပ်ရှားသူ ဖြစ်ရမယ်။ ဒေသဆိုင်ရာမှာ လူထုက လေးစားတဲ့သူ ဖြစ်ရမယ်။ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေ ကိုယ့်ဖာသာ ကျခံနိုင်သူ ဖြစ်ရမယ်။

ပါတီ မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်

လူဖြစ်ရကျိုးနပ်ရေး၊ လူတွေရဲ့ စားရေး၊ နေရေး ကျန်းမာရေး ပြည့်စုံအောင် ကြိုးစားပေးရန်။

ပါတီနယ်မြေ

ပြည်ထောင်စုတစ်ဝန်းလုံး

ပါတီရုံးချုပ် တည်ရာ

အမှတ်(၄၆၅)၊ သိမ်ဖြူလမ်း၊ ဖို့မြေရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဆက်သွယ်ရန် ဖုန်း

၀၉-၈၀၂၀၂၅၄၊ ၀၁-၅၄၁၆၄၉(ဒေါ်သန်းသန်းနု)၊ ၀၉-၅၀၈၄၉၆၃

ဒီသတင်းနဲ့ပတ်သက်သမျှ