က​ချင်ပြည်​နယ် မန်​စီ​နယ်​ထဲ တိုက်​ပွဲ​တွေ ဖြစ်လာ​ပြ​န်

_kia_ ဓာတ်ပုံ မူပိုင် thetlwinoo
Image caption NCA ထိုးနိုင်ဖို့ ကြိုးစားနေတုန်းမှာပဲ ကချင် အပါအဝင် တိုင်းရင်းသား နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေပါတယ်။

ကချင်ပြည်နယ် မန်စီ မြို့နယ် ထဲက မိုင်းခေါင်ရွာ အနီးမှာ ကချင် လက်နက်ကိုင် KIA နဲ့ အစိုးရ စစ်တပ် အကြား ၃ ရက်မြောက် တိုက်ပွဲတွေ ဆက်လက် ဖြစ်နေပါတယ်။

အဲဒီ တိုက်ပွဲတွေကြောင့် ပတ်ဝန်းကျင် ကျေးရွာတွေက လူ ၂ ထောင်ကျော် ထွက်ပြေး လာခဲ့ရ သလို တိုက်ပွဲကြား မှာ လိုင်ကာ နဲ့ မွန်းလူ ကျေးရွာက လူ အယောက် ၄၀ ကျော် ပိတ်မိ နေတယ် ဆိုပြီး မိုင်းခေါင် ရွာမှာ စစ်ဘေး ဒုက္ခသည် တွေကို ကူညီ နေတဲ့ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က ဓမ္မဆရာ ဦးလာရွယ် Laroi က ဘီဘီစီ ကို ပြောပါတယ်။

အခု တိုက်ပွဲ တွေ ဟာ KIA တပ်ရင်း ၂၇ နဲ့ အစိုးရ တပ်ကြား ထိတွေ့ နေကြတာ ဖြစ်တယ် လို့လည်း ဦးလာရွယ် က ဆိုပါတယ်။

တိုက်ပွဲ အတွင်း လက်နက်ကြီး တွေ အသုံးပြုမှု ကြောင့် အရပ်သား တွေ ထိခိုက်မယ့် အရေးကို စိုးရိမ် ရတယ်လို့ ဦးလာရွယ် က ပြောပါတယ်။

မိုင်းခေါင်ရွာ နဲ့ ၂ ဖာလုံ လောက်ပဲ ကွာတဲ့ နေရာ မှာ တိုက်ပွဲတွေ ဖြစ်နေတာ ကြောင့် ပစ်ခတ်သံတွေ ကို မိုင်းခေါင် ကနေ အတိုင်းသား ကြားနေရတယ် လို့ လည်း ဦးလာရွယ် က ဆိုပါတယ်။

ကချင်ပြည်နယ်တွင်း စစ်ပွဲတွေ ကြောင့် မိုင်းခေါင်ရွာမှာ ၂၀၁၃ ခုနှစ် ကတည်းက စစ်ဒုက္ခသည် စခန်း ဖွင့်လှစ် ထားရှိ ခဲ့ရတာ ဖြစ်ပြီး ကုလသမဂ္ဂ ရဲ့ စားနပ်ရိက္ခာ အစီအစဉ် WFP အပါအဝင် တခြား လူမှုရေး ဘာသာရေး ပရဟိတ အသင်းတွေ က စစ်ဒုက္ခသည် တွေ ကို စောင့်ရှောက် နေရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ