နေပြည်တော်မှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ မဲဆွယ်

ဓာတ်ပုံ မူပိုင် AP
Image caption မဲဆွယ်ပွဲကို ဦးတင်နိုင်သိန်းက ဦးဆောင်ကျင်းပ

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင် တွေရဲ့ လူထု တွေ့ဆုံပွဲကို စက်တင်ဘာ ၂၈ ရက်နေ့က နေပြည်တော် မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဇေယျာသီရိမြို့နယ် သိုက်ချောင်း လမ်းဆုံကွင်းမှာ လုပ်ခဲ့တဲ့ ဒီပွဲကို လူ ၂ ထောင်ကျော်တက်ရောက်ခဲ့ ပါတယ်။

မြန်မာ ပြည်ဒီမိုကရေစီအပြောင်းအလဲကိုစတင်ဖော်ဆောင်ခဲ့တာ သူတို့ပါတီ ဖြစ်တယ်လို ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်း ကပြောသွားခဲ့ ပြီး နောက် ၅ နှစ်မှာ လုပ်မယ့် အစီအစဉ် တွေကိုလည်း ပြောသွားခဲ့ ပါတယ်။

အဲဒီထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးအတွက် ဆောင်ရွက်မယ် လို့ထည့်သွင်း ပြောသွားခဲ့ပါတယ်။

ဒီဟောပြောပွဲမှာ ထူးခြားတာ ကတော့ နေပြည်တော်က ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၈ ဦးလုံးဟောပြောဖို့ ရှိပေမယ့် အခန်းအနားမပြီးခင် တက်ရောက်လာသူ အများစု ထပြန်ခဲ့ ကြပါတယ်။

ပါတီခေါင်းဆောင်တဦးက “ပါတီရဲ့ စည်းကမ်းပြည့်ဝတယ် ဆိုတဲ့အတိုင်း အခန်းအနားပြီးဆုံးအောင် အောင့်အီး ပေးကြပါ” လို့ မေတ္တာရပ်ခံခဲ့ပေမယ့် ပရိသတ်က ပြန်လှည့်မလာခဲ့ပါဘူး ဒါကိုကြည့်ခြင်းအားဖြင့်ပါတီခေါင်းဆောင်တွေရဲ့ပထမဆုံးလူထုတွေ့ ဆုံပွဲ ဟာအောင်မြင်သင့် သလောက် မအောင်မြင်ဘူး လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။