ဗြိတိန်နဲ့ပြင်သစ် နယ်စပ် လိုဏ်ခေါင်း ယာယီပိတ်

ဓာတ်ပုံ မူပိုင် AFP

ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ဆက်သွယ်သွားလာတဲ့ နယ်စပ်လိုဏ်ခေါင်း အတွင်းကို ရွှေ့ပြောင်းဒုက္ခသည် ၂၀၀ကျော်ဟာ အတားအဆီး တွေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။

ဒီလိုဝင်ရောက်ခဲ့တဲ့အတွက်ကြောင့် ရထားသွားလာမှုတွေကိုရပ်တန့်ထားရပါတယ်။ ပြင်သစ် နိုင်ငံ နယ်စပ်ကာလစ်က တာဝန်ရှိသူတွေက ရွှေ့ပြောင်း ဒုက္ခသည်တွေဟာ လုံခြုံရေး အတားအဆီးတွေကိုချိုးဖောက်ဖို့စနစ်တကျ ပြင်ဆင်လာခဲ့ကြတယ်လို့ လုံခြုံရေးအဖွဲ့ဝင်တွေကပြောကြားပါတယ်။ ပြီးတော့လှိုင်ခေါင်းအတွင်း ပြေးဆွဲနေတဲ့ ရထားဝန်ထမ်းတွေကိုလည်း ကျောက်တုံး

တွေနဲ့ ပစ်ပေါက် တိုက်ခိုက်ကြတယ်လို့ ဝန်ထမ်း၃ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဗြိတိန် နဲ့ ပြင်သစ်နိုင်ငံ ဆက်သွယ်သွားလာတဲ့ နယ်စပ် လှိုင်ခေါင်း လုံခြုံရေးအတွက် ပေါင်သန်းနဲ့ချီအသုံးပြုထားပြီး လုံခြုံရေးတွေလည်းတိုးမြှင့်ချထားတယ်လို့ဆိုပါတယ်။