အာဖဂန်မှာနယ်စည်းမခြားအဖွဲ့ တိုက်ခိုက်ခံရ

Image caption kunduz ဆေးရုံ

အာဖဂန်နစ္စတန် နိုင်ငံ ခွန်ဒူးဇ် မြို့မှာ လေကြောင်း က ဗုံးကြံ တိုက်ခိုက် မှုကြောင့် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ဆေးရုံ တစ်ရုံ ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

ဆေးဝန်ထမ်း (၃) ယောက် သေဆုံးခဲ့ပြီး၊ အနည်းဆုံး လူ (၃၀) လောက် ဒဏ်ရာ ရတယ်လို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ကြေငြာချက် ထုတ်ပြန်ပါတယ်။

ဗုံးကြဲ တိုက်ခိုက်မှုကို အမေရိကန် ဘက်က ပြုလုပ်တာလို့ NATO က သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ က တာလီဘန်တွေ ဟာ ခွန်ဒူးဇ်မြို့ကို သိမ်းပိုက်ခဲ့တာကြောင့် အစိုးရ တပ်ဖွဲ့တွေနဲ့ အပြင်းအထန် တိုက်ပွဲ တွေ ဖြစ်ပွားလျှက် ရှိပါတယ်။

ခွန်ဒူးဇ် မြို့ကို ၁၄ နှစ် အတွင်း တာလီဘန်တွေ လက်ထဲ ကျရောက် ခဲ့တဲ့ ပထမဆုံး မြို့ကြီး ဖြစ်ပါတယ်။