မြဝတီ-ဘုရာသုံးဆူ ဒေသတဝိုက် ကာလဝမ်း ဖြစ်ပွားနေ

_myawaddy
Image caption ရွာပေါင်း ၁၈ ရွာက လူဦးရေ ၁ သောင်း ၈ ထောင် ကျော် ဟာ မြန်မာ အစိုးရဆီက ကျန်းမာရေး စောင့်ရှောက်မှု မရရှိ။

ကရင်ပြည်နယ် မြဝတီနဲ့ ဘုရားသုံးဆူ မြို့နှစ်မြို့ ကြားမှာ ကာလဝမ်း ရောဂါ ကူးစက်မှု ဖြစ်ပေါ် နေပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ ရပြီး ဖြစ်တယ်လို့ မျက်နှာချင်းဆိုင် ထိုင်းဘက်ခြမ်း မှာ ရှိတဲ့ ဆေးရုံ ကနေ သတိပေး နေပါတယ်။

မြန်မာနိုင်ငံထဲ မှာ လူ ၂၀၀ လောက် ကူးစက် ခံခဲ့ရပြီး ထိုင်း နိုင်ငံထဲကို ကူးစက်မလာအောင် ထိန်းချုပ်ဖို့ ကြိုးစား နေတယ်လို့ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် ဆေးရုံက ပြောပါတယ်။

ကာလဝမ်း ရောဂါ ဖြစ်နေတဲ့ ဒေသက ကရင်လူမျိုး နယ်လှည့် ဆေးကုအဖွဲ့ ၅ ဖွဲ့ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်း ကျန်း မာရေး ဌာန က ဆေးဝါး အပြည့်အစုံ ထောက်ပံ့ ပေးခဲ့တယ်လို့ အုန်းဖန် ဆေးရုံ ညွှန်ကြားရေးမှူး ဒေါက်တာ ဝေါ်ရဝစ် တန်တိ ဝတ္တနာဆပ် က ဘီဘီစီ ကို ပြောပါတယ်။

ကရင်လူမျိုး နယ်လှည့် ဆေးကု အဖွဲ့တွေရဲ့ စာရင်းအရ အဲဒီ ဒေသထဲမှာ ရှိတဲ့ ရွာပေါင်း ၁၈ ရွာက လူဦးရေ ၁ သောင်း ၈ ထောင် ကျော် ဟာ မြန်မာ အစိုးရဆီက ဘယ်လို ပုံစံ မျိုးနဲ့ မှ ကျန်းမာရေး စောင့်ရှောက်မှု ကို မရရှိကြဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ