ကျောင်းသား ခေါင်းဆောင် အောင်မှိုင်းဆန်း အစာအငတ်ခံ ဆန္ဒပြ

Image caption ကျောင်းသား ခေါင်းဆောင် အောင်မှိုင်းဆန်း

စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်ချင်ရင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အောက်တိုဘာ ၁၅ ရက်မတိုင်ခင် လွှတ်ပေးဖို့ တောင်းဆိုတဲ့ အနေနဲ့ အခုလို ဆန္ဒပြ ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အကျဉ်းထောင် အာဏာပိုင်တွေက အခြားလူတွေနဲ့ ခွဲထားတဲ့ အနေနဲ့ တိုက်ပိတ်ထားကြောင်း၊ ကျန်းမာရေး ဆေးစစ်မှု ဘာမှ မလုပ်ရသေးတဲ့ အတွက် မိသားစု အနေနဲ့ စိုးရိမ်မိကြောင်း ဇနီး ဖြစ်သူက ပြောပါတယ်။

မြန်မာနိုင်ငံ မှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိတာကို အစိုးရက ဝန်မခံသေးကြောင်း၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ အစာအငတ်ခံ ဆန္ဒပြမှုနဲ့ ပါတ်သက်လို့ ထောက်ခံကြောင်း၊ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို သွားချင်တယ်ဆိုရင် နိုင်ငံရေး အကျဉ်းတွေကို လွှတ်ပေး ရမှာ ဖြစ်တယ်လို့ ဇနီးသည် ဖြစ်သူ မလဲ့လဲ့နွယ် က ဆက်ပြောပါတယ်။

သာယာဝတီ အကျဉ်းထောင်က တာဝန်ရှိသူ တွေကို ဘီဘီစီ က ဆက်သွယ်မေးမြန်းခဲ့ပြီး ဘီဘီစီရဲ့ ဆက်သွယ် မေးမြန်းမှုတွေကို ဖြေကြားမှု မရှိခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ