မဲစာရင်းမှာ လူပိုတွေ သောင်းချီရှိနေဆို

election_commission ဓာတ်ပုံ မူပိုင် AFP
Image caption လူပိုအမည်နဲ့ တင်ပြရင် ကော်မရှင် ပယ်ပေးမယ်

မြို့နယ် အတော် များများ ရဲ့ မဲစာရင်း တွေမှာ တကယ် မရှိတဲ့ လူတွေ သောင်းချီ ပိုနေတာ တွေ့ရပြီး မဲပေးခွင့် ရှိသူ ၂ဝ က ၄ဝ ရာခိုင်နှုန်း အထိ ရှိနေ လို့ အမြန်ဆုံး စိစစ် ကြဖို့ NLD က သူတို့ ပါတီ အောင်နိုင် ရေး အဖွဲ့ အသီးသီး ကို အသိပေး နှိုးဆော် လိုက် ပါတယ်။

မန္တလေး မဟာ အောင်မြေ နဲ့ ရန်ကုန် တောင်ဥက္ကလာ လို မြို့နယ် တွေမှာ လူ သောင်းချီ ပြီး မဲစာရင်း ထဲမှာ အပို ပါနေတာ တွေ့လို့ ဆိုင်ရာ ကော်မရှင် ရုံးတွေ ကို တိုင်ကြားပေမယ့် အထက်က လာတာ ဆိုပြီး ပြင်မပေးလို့ အသိ ပေးစာ ထုတ်တာ လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန် က ပြောပါတယ်။

နိုဝင်ဘာ ၆ ရက် နောက်ဆုံး မဲစာရင်း အတည် ဖြစ်ချိန်မှာ ပြင်လို့ မရ ဖြစ်မှာ စိုးလို့ ထုတ်တာ လို့လည်း ဆိုပါတယ်။

ဒီလို အမည် စာရင်းပေါက်နေသူ တွေဟာ ဘယ်သူ ဘယ်ဝါ မသိရ ပေမယ့် သူတို့ကို မဲပေးခွင့် လက်မှတ် ထုတ်ပေးလို့ ရတယ် လည်း သိရပါတယ်။

ကော်မရှင်ကို NLD ဘက်က အကြောင်းကြား ပြီးပြီ လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဘက်က တော့ ရာခိုင်နှုန်း နဲ့ တင်ပြ တာမျိုး မဟုတ်ဘဲ တိတိ ကျကျ အမည်နာမနဲ့ တင်ပြမယ် ဆိုရင် ကော်မရှင် က ပယ်ဖျက် ပေးမှာ ဖြစ်ကြောင်း နဲ့ NLD ကို အကြောင်း ပြန်စာ ပို့ ထားပြီ ဖြစ်ကြောင်း ကော်မရှင် ညွှန်ကြား ရေးမှူး ဦးသောင်းလှိုင် က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ