ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မှာ မဲဆွယ် စည်းရုံး

Image caption ၂၀၁၅ ရွေးကောက်ပွဲကို သန့်ရှင်းစွာ ဝင်ပြိုင်မှာ ဖြစ်ကြောင်း ပြောကြား

အဆိုပါ မဲဆွယ် စည်းရုံး ဟောပြောပွဲကို သိန်းနဲ့ချီတွေ လူတွေ တက်ရောက် ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ပြုလုပ်ခဲ့ ပြီးသမျှ ဟောပြောပွဲမှာ လူအင်အား အများဆုံး တက်ရောက်တဲ့ ဟောပြောပွဲ တစ်ခု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဟောပြောပွဲမှာ ရန်ကုန်တိုင်းရဲ့ အားပေးမှုဟာ တစ်နိုင်ငံလုံးကို ရောင်ပြန်ဟပ်ကြောင်း၊ ပြည်သူများကို ယုံကြည်ကြောင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို သန့်သန့်ရှင်းရှင်း ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း နဲ့ ခြိမ်းခြောက်တာတွေကို မကြောက်ကြဖို့ ပြောကြားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နာယက ဖြစ်သူ ဦးတင်ဦးနဲ့ ပါတ်သက်လို့ ၁၉၈၈ ခုနှစ် အဖွဲ့ချုပ် စတင်တည်ထောင်စဉ် ကတည်းက လက်တွဲ လာကြတာ ဖြစ်လို့ တပ်နဲ့ပြည်သူ ကြည်ဖြူ လက်တွဲမှု ပြယုဂ် ဖြစ်ကြောင်း ဆက်လက် ပြောကြားပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး၊ အာဃာတ မထားရေး စတဲ့ အကြောင်းတွေ ဆက်လက် ပြောကြားခဲ့ပြီး ဦးတင်ဦးကို ပွဲထုတ် ဟောပြောမှု တွေကြောင့် အမ်ျိဳးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ သမ္မတလောင်း အဖြစ် ရွေးဖို့ ရှိကြောင်း သုံးသပ်နေကြပါတယ်။

ကော့မှူးမြို့နယ် ကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ် စည်းရုံး ဟောပြောမှုဟာ ဒီကနေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်း ပွဲဟာ နိုင်ဝင်ဘာလ (၈)ရက် မတိုင်မီ နောက်ဆုံး မဲဆွယ် စည်းရုံးမှု ဖြစ်ကြောင်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ