ရွေး​ကောက်​ပွဲ​အကြို ဖမ်းဆီး​မှု​တွေ ဆက်လက်​ဖြ​စ်ပေါ်

_students_myanmar ဓာတ်ပုံ မူပိုင် AFP
Image caption ကျောင်းသား ခေါင်းဆောင် တွေ အခုလို အဖမ်း ခံခဲ့ လာရပြန် တဲ့ အပေါ် အင်မတန် စိုးရိမ် တယ် ဆိုပြီး အာရှ လူ့အခွင့် အရေး ကော်မရှင် က ထုတ်ပြန်။

မြန်မာ့ နိုင်ငံရေး ရဲ့ အလှည့်အပြောင်း ဖြစ်စေမယ့် သမိုင်းဝင် ဖြစ်ရပ် ဆိုပြီး အာဏာပိုင် တွေ ကရော အတိုက်အခံ ကပါ ရည်ညွှန်း ပြောဆို နေကြတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်း ပဲ လိုတော့ တဲ့ အချိန် မှာ ကျောင်းသား တွေ အပါအဝင် နိုင်ငံရေး တက်ကြွ လှုပ်ရှား ကြသူ တချို့ ဆက်လက် ဖမ်းဆီး ခံနေကြရပါတယ်။

အင်တာနက် လူမှုကွန်ရက် စာမျက်နှာ ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ကဗျာရေးပြီး သမ္မတ ဦးသိန်းစိန်ကို သရော်ခဲ့တဲ့ ကဗျာဆရာ မောင်ဆောင်းခကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ကမာရွတ်မြို့နယ် တရားရုံးအနီးမှာ နိုဝင်ဘာ ၅ ရက်နေ့ တုန်းက ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ့ လူငယ် ကဗျာဆရာ ဟာ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ နဲ့ အမှုဖွင့် စွပ်စွဲ ခံနေရပါတယ်။

ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ကျော်ကိုကိုနဲ့ အလုပ် အမှုဆောင် တစ်ဦး ဖြစ်တဲ့ လင်းထက်နိုင် တို့ လည်း ဒီ ရက်ပိုင်း တွေ မှာပဲ ဖမ်းဆီး ခံခဲ့ရပြီး နိုဝင်ဘာ ၅ ရက်နေ့ မှာပဲ ရုံးထုတ် ခဲ့ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ကို သပိတ် မှောက် ခဲ့ကြတဲ့ အတွက် ကျောင်းသား တွေနဲ့ ဝိုင်းရံသူ တွေ အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီး ခံခဲ့ရတဲ့ နောက် ၇ လ အကြာမှာ ကျောင်းသား ခေါင်းဆောင် တွေ အခုလို အဖမ်း ခံခဲ့ လာရပြန် တဲ့ အပေါ် အင်မတန် စိုးရိမ် တယ် ဆိုပြီး အာရှ လူ့အခွင့် အရေး ကော်မရှင် က ထုတ်ပြန် ပါတယ်။

မိမိတို့ရဲ့ သဘော ဆန္ဒတွေကို ဒီမို ကရေစီ နည်းကျကျ ထုတ်ဖော် ခဲ့မှု ကြောင့် အဖမ်းခံခဲ့ရ သူတွေ ကို မြန်မာ အာဏာပိုင် တွေ အနေနဲ့ ချက်ခြင်း ပြန်လွှတ် ပေးပါ ဆိုပြီးတော့လည်း အာရှ လူ့အခွင့်အရေး ကော်မရှင် က တောင်းဆို ထားပါတယ်။

ဖမ်းဆီးမှု တွေကို နိုင်ငံတကာ ကနေ အခုလို ဝေဖန် ကန့်ကွက် နေကြ သလို ထောင်တွင်း အစာငတ်ခံ တိုက်ပွဲ တွေ လည်း ဆင်နွှဲ ကြတာမှာ မြင်းခြံ ထောင်ထဲ က ဗကသ ကျောင်းသား ၂ ဦး ဖြစ်တဲ့ ကိုစည်သူမြတ် နဲ့ ကိုစိုးလှိုင် တို့လည်း အောက်တိုဘာ ၅ ရက် နေ့ က စလို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက် အစာငတ်ခံ ဆန္ဒ ပြလာ ကြပါတယ်။

သာယာဝတီ ထောင်ထဲ က ဗကသ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း အစာငတ်ခံ တိုက်ပွဲ စတင်ခဲ့တာ ၂ ပတ်ကျော် သွားပေမယ့် အာဏာပိုင်တွေ ဘက်က ညှိနှိုင်း ဆွေးနွေး လာတာမျိုး မရှိတဲ့ အပြင် ထပ်မံ ဖမ်းဆီးမှု တွေ ပြုလုပ် လာတာပါ။

ဒီ အပြုအမူဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် မပြီးမချင်း နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်ပေးဦး မှာ မဟုတ်ဘူး ဆိုတာ အာဏာပိုင် တွေက ပြသ လိုက်တာ ဖြစ်တယ် ဆိုပြီး ကိုယ်တိုင် အဖမ်း နေရတဲ့ အထက် ဗမာပြည် ဗကသ ဥက္ကဌ ဟောင်း ကိုသန့်ဇင် က မြင်းခြံ တရားရုံး မှာ ရုံးထုတ်တုန်း ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ