တရုတ်နဲ့ထိုင်ဝမ်ခေါင်းဆောင်နှစ်ဦး သမိုင်းဝင်တွေ့ဆုံ

ဓာတ်ပုံ မူပိုင် Getty

နှစ်၆၀ကျော်အတွင်း ပထမဆုံးအကြိမ် တရုတ်နဲ့ထိုင်ဝမ်ခေါင်းဆောင်နှစ်ဦး စင်ကာပူနိုင်ငံမှာ သမိုင်းဝင်တွေ့ဆုံခဲ့ကြပါတယ်။

တရုတ်သမ္မတဇီကျန်ပင်းနဲ့ ထိုင်ဝမ်သမ္မတမာယင်ဂျိုးတို့ ကွဲကွာနေတဲ့ မိတ်ဆွေနှစ်ဦးပြန် ဆုံတွေ့ကြတဲ့ပုံစံမျိုး ရင်းရင်းနှီးနှီးလက်ဆွဲနူတ်ဆွဲခဲ့တာကို ဆွေးနွေးပွဲအစမှာ တွေ့ရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ ကူမင်တန်တို့တိုက်ခိုက်ခဲ့ကြတဲ့ ၁၉၄၉တရုတ်ပြည်တွင်းစစ်အပြီး ထိုင်ဝမ်ကလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်ထူထောင်ခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ခရိုင်တစ်ခု ခွဲထွက်နေတဲ့တိုင်းပြည်ရဲ့ဒေသတစ်ခုသာ သဘောထားနေပြီး တချိန်မှာ တရုတ်ပြည်မကြီးနဲ့ပြန်လည်ပေါင်းစည်းရလိမ့်မယ်လို့ တရုတ်ဘက်ကသဘောထားရှိပါတယ်။ ထိုင်ဝမ်နိုင်ငံသားအများစုကတော့ ထိုင်ဝမ်ကို လွတ်လပ်တဲ့နိုင်ငံ တစ်ခုလို့သ ဘောထားနေကြကြီး တရုတ်ရဲ ့ဩဇာလွှမ်းမိုးမှုများလာတာကိုစိုးရမ်နေကြပါတယ်။

ဆွေးနွေးပွဲအစမှာ ထိုင်ဝမ်သမ္မတ တစ်ခြားသူတစ်ဦးရဲ့ တန်ဖိုးနဲ့ ဆုံးဖြတ်ချက်ကို နှစ်ဖက်လုံးကလေးစားရပါမယ်ပြောခဲ့ပါတယ်။တရုတ်သမ္မတဇီကျန်ပင်းကတော့ ကျွန်တော်တို့ဟာတစ်မိသားစုထဲပါလို့ ထိုင်ဝမ်သမ္မတ ကိုပြောခဲ့ပါတယ်။ယခုတွေ့ဆုံပွဲက တရုတ်နဲ့ထိုင်ဝမ်နှစ်နိုင်ငံအကြား အရေးပါတဲ့သဘောတူဆုံးဖြတ်ချက် မချနိုင်ခဲ့သေးပါဘူး။