ဒေါ်အောင်ဆန်းစုကြည် ပြည်သူများကို မိန့်ခွန်းပြောကြား

Image caption အောင်နိုင်မှုပုံစံမျိုး နဲ့ ပြုမူပြောဆို ဆက်ဆံကြတာတွေကို ရှောင်ကြပါ

ဒေါ်အောင်ဆန်းစုကြည်က တကယ့်အောင်နိုင်ခြင်းဟာ တစ်နိုင်ငံလုံးအတွက် ဖြစ်ရပါမယ်၊ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်အတွက်မှ မဖြစ်ရပါဘူး။ မှန်ကန်မှုအတွက် ဖြစ်တဲ့ အောင်နိုင်မှု ဖြစ်ဖို့ အတူလက်တွဲပြီး ကြိုးစားသွားကြပါလို့ ယနေ့ အဖွဲ့ချုပ်ရုံးချုပ်ရှေ့ ပြောသွားတဲ့ ပြည်သူများသို့ ပန်ကြားချက် မိန့်ခွန်းမှာ ပြောသွားပါတယ်။

ရှုံးတဲ့သူများဟာ သတ္တိရှိရှိ အိန္ဒြေရှိရှိ နဲ့ ရှုံးနိုင်ရသလို၊ နိုင်တဲ့သူများဟာလည်း ကိုယ့်စိတ်ကို နှိမ့်ချပြီးတော့ အင်မတန် သဘောထားကြီးစွာနဲ့ အနိုင်ကို ရင်ဆိုင်မှ တကယ့်ဒီမိုကရေစီ ဖြစ်မှာပါ။

ဒါ့ကြောင့် တဖက်က မနိုင်တဲ့သူတွေ မခံသာအောင် အောင်နိုင်မှုပုံစံမျိုး နဲ့ ပြုမူပြောဆို ဆက်ဆံကြတာတွေကို ရှောင်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်လို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ