ဝမ်ဟိုင်း ဌာနချုပ် အစိုးရတပ် ထိုးစစ်ဆင်

kyay
Image caption ရှမ်းအလယ်ပိုင်းမှာ တိုက်ပွဲတွေ ပြင်း

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP၊ SSA ရဲ့ ဝမ်ဟိုင်း ဌာနချုပ် ရှိရာ ဆီ ကို အစိုး ရ စစ်တပ် က ထိုးစစ်ဆင် နေတာ မှာ ဝမ်ဆော ဆိုတဲ့ နေရာ မှာ စုဝေး ခိုလှုံ နေကြတဲ့ ပတ်ဝန်းကျင် ကျေးရွာ တွေ က စစ်ဘေး ဒုက္ခသည် တွေ အခုရက်ပိုင်း ဖြစ် ခဲ့တဲ့ တိုက်ပွဲ ဒဏ် တွေ ကြောင့် ထပ်ပြီး ထွက်ပြေး ခဲ့ ရပါတယ်။

နိုဝင်ဘာ ၁၈ ရက် မနက် အစောပိုင်း ကအထိ ဝမ်ဟိုင်း ဌာနချုပ်ရဲ့ တောင်ဘက် ၈ မိုင် လောက် ကွာတဲ့ နေရာမှာ တိုက်ပွဲ တွေ ဖြစ်ခဲ့ တာ ၄ နာရီ လောက် ကြာ တယ် လို့ SSPP ဘက် က ပြောပါတယ်။

အရင် တရက် နှစ်ရက် နဲ့ စာရင် တော့ တိုက်ပွဲ အရှိန် လျော့ သွားတယ် လို့ လည်း ပြောပါတယ်။

အဓိက ကတော့ အစိုးရ ဘက် က အရင် ရက် တွေ တုန်းက တိုက်လေယာဉ် တွေ သုံးပြီး လေကြောင်း ကနေ အပြင်း အထန် တိုက် ခိုက် ခဲ့တာ ကနေ အခု လေကြောင်း တိုက် ခိုက် မှု မလုပ် ဘူး ဆိုပြီး SSPP ရဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်း လ က ပြောပါတယ်။

အစိုးရတပ် တွေ ရဲ့ လက်ရှိ ထိုးစစ်တွေ ရပ်ပြီး ဆွေးနွေး ကြ ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ထံ အကြိမ်ကြိမ် အကြောင်းကြား ပေမယ့် ဘာမှ တုံ့ပြန်မှု မရ ရှိဘူး လို့ ဆိုပါ တယ်။

ဝမ်ဟိုင်း မှာ ဖြစ်ခဲ့တဲ့ နောက်ဆုံး တိုက်ပွဲ မှာ အစိုးရ တပ်ဘက်က လေယာဉ် တွေ ထုတ်မသုံး တော့ တော့ပေမယ့် နောက်ရက် တွေ မှာ စစ်ရှိန် သေချာပေါက် လျော့ကျ သွားမယ် ဆိုတာ အာမခံ ချက် မရှိဘူးလို့ SSPP က ပြော ပါတယ်။

တနင်္လာနဲ့ အင်္ဂါ နေ့တွေ တုန်းက အစိုးရ စစ်တပ် က တိုက်လေယာဉ် တွေ ရဟတ်ယာဉ် တွေ သုံးပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲ ၊ စက်သေနတ် နဲ့ ပစ် ခဲ့တဲ့ အတွက် ဝမ်းဟိုင်း အနား ရွာ တွေ က ထောင်ချီတဲ့ စစ်ပြေး ဒုက္ခသည် တွေ ဟာ သူတို့ နေထိုင် ခဲ့ရာ စခန်း ကနေ ထပ်ဆင့် ထွက် ပြေး ခဲ့ကြရပါတယ်။

လားရှိုး မြို့ ကို ရောက် လာကြတဲ့ ဒုက္ခသည် တွေ ကိုတော့ မန်ဆူ ရှမ်း ဘုန်းကြီး ကျောင်း မှာ လက်ခံ ထားပါတယ်။

ကျေးသီး မြို့နယ် ထဲမှာ လည်း SSPP အစီ အစဉ် နဲ့ နေရာ ချ ထားပေးတဲ့ ဒုက္ခသည် နှစ်ထောင် လောက် ရှိတယ် လို့ ဗိုလ်မှူး စိုင်းလ က ပြောသလို မိုင်းရှူး၊ သီပေါ၊ ကျောက်မဲ၊ လဲချား နဲ့ လား ရှိုး မြို့တွေ ဘက် ထွက်ပြေး ကြသူတွေ လည်း ရှိတဲ့ အတွက် ဒုက္ခသည် စုစုပေါင်း သောင်းချီ ရှိ နိုင်တယ် လို့ ဒုက္ခသည် တွေ ကို ကူညီ ဆောင်ရွက် ပေးနေသူ တွေ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ